Uni
"ငယ်လေး ကို ဘာပြောလိုက်တာလဲမမ "(သင့်)
"အိမ်တော့ ပြန်လာသေးတယ်ပေါ့ "(ဆင့်)
"ကို !!!လာ ထိုင်ပါအုန်း "(မေ)
"မင်း အသာနေစမ်း မေ
မမ !!!ကျနော်မေးတာဖြေ "(သင့်)မနက်အလုပ်သွားတော့ နုလေးနဲ့ တွေ့ထဲက အကြောင်းစုံ သိပြီးနေပြီ။ ငယ်လေးကို အလုပ်ထွက်ခိုင်းတယ်ဆိုတာ အတော်လွန်နေပါပြီ။ မဖြစ်သင့်တဲ့ ကိစ္စမို့ သူပိုဆိုးသွားသည်။ ငယ်လေးကို ကိုယ် တိုင် လာပို့ပေးမယ်ပြောသွားတဲ့ နုလေးကလည်း မျက်နှာမကောင်း ရန်နိုင့်အိမ်သော့ခတ်ထားတာ တွေ့လို့တဲ့ ။ မယုံတဲ့သူကလည်း နုလေးကို ခေါ်ပြီး သွားကြည့်တော့တကယ်ကို သော့ခတ်ထားတာမို့ပျာယာခတ်ပြီး မမကို လာတွေ့တာဖြစ် သည်။
"သင့် !!!!မင်း လွန်နေပြီနော်
ဘာမဟုတ်တဲ့အလုပ်သမား တစ်ယောက်အတွက် မမကို ပြန်ပြောစရာ လား "(ဆင့်)"မမကကော ကျနော့ ကိစ္စတွေ ဘာလို့ဝင်ပါလဲ "(သင့်)
"ကိုရယ် မေ ပြောပြမယ် "(မေ)
"မင်းဘာဖြစ်နေတာလဲမေ
ငါ့ကိစ္စကို ဘာလို့ ဝင်ပါနေရတာလဲ "(သင့်)သင့် ဒီလောက် ဒေါသထွက်တာ တစ်ခါမှမမြင်ဘူးတဲ့ မေ က လန့်တောင် လန့်လာသည်။ သူလည်း ဒီကိစ္စမှာ အဓိက တာ ဝန်ခံမို့ ရှင်းချင်သော်လည်း ရှင်းပြလို့ မရ ။မမဆင့်နဲ့ ကိုသင့် ရဲ့ ပြသနာကအတော်လေးကို ကြီးထွားလာခဲ့သည်။ သူလည်း မမဆင့်ကို ဆွဲထားရသည်။
"အားလုံးတော်ပြီ
သမီး တော်တော့
မောင်သင့်တော် "(ဘဘ)"ဘဘ !!!
ဘဘတူကို ကြည့်ပြောအုန်း "(ဆင့်)"ဘဘ ပြောမယ် သမီး
သမီး တို့မောင်နှမ နှစ်ယောက်ထဲရှိတာကို
ဘာကိစ္စ ရန်ဖြစ်နေရတာလဲ "(ဘဘ)"ဘဘ တူက ပြောလို့မှမရတာ "(ဆင့်)
"မောင်သင့်ကလည်း တော်တော့ ကိုယ့်အမ ကို"(ဘဘ)
"ဟုတ်ဘဘ သားမှားပါတယ်
မမကိုလည်း ကျနော်တောင်းပန်တယ် "(သင့်)
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ