Uni
📩ခရီးသွားဖို့ရှိတယ်
အိမ်လာခဲ့
မင်းကောလိုက်ရမှာ"အမ် !!ပိတ်ရက်ကြီးကို ဦးသင့်ကလည်း
ရန်နိုင် ထ
မင်းကောပါလား ဦးသင့်ကခရီးထွတ်မှာတဲ့ ""မပါဘူး မနေ့ကငါduty ချိန်းသွားပြီ
ဦးသင့်ကားမမောင်းရတော့ဘူး
ပစ္စည်းပို့ duty ""အမ်!! ငါ့လည်းမပြောပါလား "
"မင်းသိတယ်ထင်လို့ "
ရန်နိုင် တဖက်လှည့်ကာ အိပ်လိုက်သည်။ ညထဲက စိတ်မကောင်းခြင်းများစွာ ဖြစ်နေတာ သူပါ ။ စိုင်းလေးကြောင့် အလုပ်ကိုဒုက္ခခံပြီး လုပ်နေတာ ။ အခု ဆို စိုင်းနဲ့ ညမှ တွေ့ရတော့မှာ ။ ဒါကို အခု ခရီး ထွက်မယ်ဆိုတော့ သူစိတ်အတော်ပျက်မိသည်။ အရင်က ခရီးအတူတူ သွားတဲ့အချိန်တွေ သတိရသွား၏။
"ရန်နိုင် !!ငါသွားတော့မယ် "
"ခဏလေး ငါလိုက်ပို့မယ် "
"ရတယ် ညရောက်မှ ငါဖုန်းဆက်မယ်
ကားကို ဂရုစိုက်မောင်း ""အေး မင်းလည်းဂရုစိုက်
သူဌေးငေါက်ရင် ငြိမ်ခံမနေနဲ့ "ရန်နိုင်စိတ်ကျေနပ်အောင် ခေါင်းငြိမ်ပြီး luggage အသေးလေး ဆွဲကာ ပြေးရသည်။ဘယ်နှစ်ရက်ကြာပြီး ဘယ်လောက်နေမည်မသိတာကြောင့် အဝတ် အစားအနည်းအငယ်ပိုထည့်လိုက်၏။ ရန်နိုင်ပြောသလို မင်းက သူဌေးကို သိပ်ကြောက်တာပဲဆိုတာ အမှန်ပါ ။ ဘာမှကို အတွန့်မတက်ရဲတာမို့ taxi ငှားကာ ဦးသင့် အိမ်အရောက်သွားရ၏။
"မင်္ဂလာပါဦး "
"ဘာလို့နောက်ကျနေတာလဲ "
"သား အဝတ်ထည့်နေလို့ပါ "
"မနက်စာ 0 မိုင်ရောက်မှ စားမယ် "
ဦးသင့်က 0 မိုင်လို့ပြောလိုက်တာမို့ အမြန်လမ်းက သွားမယ်ဆိုတာ သိလိုက် ၏။ ဘယ်သွားမှာလည်း မမေးရဲတာမို့ lover seats က ထိုင်ပြီး လိုက်လာခဲ့သည်။
"ကားဆီထည့်လိုက်အုန်းမယ် "
"ဟုတ် "
"ညီလေး ဘယ်လောက်ကြလဲ "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ