Uni
"မင်းကို ငါဘာပြောထားလဲ အမြုတေ
မင်း ဒါလေးတောင် မစီစဥ်နိုင်ရင်
ငါ့နား ထားဖို့ စဥ်းစားရတော့မယ် "မန်းလေးစိန်တိုက်ဖွင့်ဖို့ အတွက် အရမ်းအလုပ် များနေတာအမြုတေပါ ။ ဦးသင့်ခိုင်းသမျှကို လုပ်နေရတာနဲ့တင် ထမင်းတောင် အချိန်မှန်မစားနိုင်ပါ ။ အခုလည်း မန်းလေး ပို့ရမယ့် စိန်ထည်ပစ္စည်းအထုပ်ကို တာဝန်ခံအမက လွဲပြီးနေပြည်တော်ဆိုင် ပို့လိုက်တာ ။ သူနဲ့ ဘာမှမဆိုင်ပေမယ့် ဘယ်သူမှားမှား သူ့ကိုသာ ငေါက်တတ်တာဦးသင့်အကျင့်။
"စိုင်းလေး !!!ဘာဖြစ်တာလဲ "
"ဘာမှမဖြစ်ပါဘူး "ရာသီဥတုအရမ်းပူနေတာမို့ စိုင်းအတွက်ကော်ဖီအေးသွားပို့တာမျက်နှာက မသာမယာ ။ သူဌေးဆူထားပြန်ပြီနေမှာပေါ့။ အရမ်းသီးခံတတ်တဲ့ စိုင်းက သီးခံပြီးရင်းသီးခံနေအုန်းမှာ ။ ရန်နိုင်လည်း ရုံးချုပ် ရောက်ရင်သူဌေးအပြင်မသွားမခြင်းအလုပ်မရှိတာမို့ စိုင်းအတွက် ထမင်းပေါင်း သွားဝယ်လိုက်သည်။
📞Hello ရန်နိုင်
သူဌေးခေါ်နေတယ်📞အေးအေး
"အဆင်သင့်ပါပဲဦး
ရန်နိုင်ရောက်ပါပြီ""မင်းနေခဲ့ "
"ဗျာ !!!"
သင့် လည်း မမဆင့် ရှိတဲ့ ဆိုင် ၁ဘက် သွားကာ အလုပ်ကိစ္စ တိုင်ပင်ဖို့ပါ ။ မန်းလေး စိန်တိုက်အတွက် ဝန်ထမ်းကိစ္စ နဲ့ HR ကိစ္စ တွေ ပြောဖို့အတွက် သွားလိုက်၏။ ရှမ်းလေးကို ခေါ်မသွားတော့တာ သူငေါက်လို့ နေ့လည်စာ ဘာမှမစားထားတာကြောင့်ပါ ။ အဲ့ကလေးက အလုပ်သိပ်လုပ်တဲ့ကလေးပါ ။ အစောက ကိစ္စကလည်း သူမှားတာ မဟုတ်ကြောင်းမမဆင့် လှမ်းပြောမှသိရတာ ။ တကယ်ဆို အစောထဲက သူလုပ်တာ မဟုတ်ဘူးလို့ ပြောလိုက်ရင် ပြီးနေပြီကို မပြောဘဲ ငြိမ်ခံနေတာ ဆွဲလုပ်ချင်စရာ ။
"ကလေးပေါက်စ !!!
မျက်နှာ ဘာဖြစ်တာလဲ""ရီးးးး မမ နု "
နုလေးယဥ်က ရုံးချုပ်ရဲ့ HR ချုပ်ပါ ။ မမတင့် သူငယ်ချင်းလည်းဖြစ်ပြီး အမြုတေကိုလည်း သိပ်ချစ်တဲ့အပျိုကြီးပါ ။ အလုပ်မအားလို့သိပ်မတွေ့ဖြစ်ပေမယ့် ခုလို ထမင်းစားချိန်ဆိုရင် မမနုက သူ့ကို မုန့်လာကျွေးနေကြ ။ မမနုကို မြင်တော့ တင်းထားတဲ့ စိတ်တွေ က လျှော့ကြကာ ငို ပစ်လိုက်၏။ မမနုကို ရင်ဖွင့်လိုက်တော့ အနည်းအငယ်တော့ ပေါ့သွားသည်။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ