Part 21 (Uni+Zawgyi)

804 36 12
                                    

Uni

📞Hello ဦး

📞ဘာ​တွေ လုပ်​နေလဲ ငယ်​လေး

📞သား မနက်စာ စားပြီးပြီ
အခန်း သန့်ရှင်း​ရေး လုပ်​နေတာ

ဦးသင့် ရန်ကုန်ပြန်သွားတာ ၁ပတ်​လောက်ရှိပါပြီ။ တစ်​နေ့ ကို ဖုန်း ၅ ကြိမ်​လောက် ဆက်ပြီး ​မေးတတ်သည်။ သူလည်း ဦး ဖုန်းဆက်တဲ့အချိန်ဆို သိပ်​ပျော်မိသည်။ ဦးက သူ့ကို ဂရုစိုက်တာကို ​ပျော်တာပါ ။ ဦးက ညတိုင်း v call ​ခေါ်ပြီးလွမ်း​ကြောင်း ၊ဆွေး​ကြောင်း လည်းအမြဲ​ပြော သည်။ သူလည်း ဦးကို လွမ်း​နေမိသည်။

"မမ !!!"

​"ပြော​မောင်​လေး "

"သား coffee truck ​လေး လုပ်ရင် ​ကောင်းမလားလို့
ဒီလိုကြီး​နေရတာ ပျင်းလို့ "

​"မောင်​လေး သ​ဘော​လေ
အဘ နဲ့အ​မေ့ကို ​​ပြောကြည့်အုန်း "

"ဟုတ် "

အိမ်မှာ ​နေရတာ အလုပ်မရှိတာမို့ ​နေရတာမ​ကောင်း ။  coffee ​ဖျော်စက် ဝယ်ပြီး coffee truck ​ထောင်ဖို့ အရင်းက​တော့ သူ့စု ထားတဲ့ ပိုက်ဆံ ရှိပါသည်။ အဘ နဲ့ အ​မေ့ကို ခွင့်​တောင်းပြီး ရင် ဦးကိုလည်း ခွင့်​တောင်းရအုန်းမှာဖြစ် သည်။ သူမသိဘဲ ဘာမှ မလုပ်ဖို့ ​ပြောထားတာမို့ သူလည်း မလုပ်ရဲ။သူ့ကိုမ​​ပြောရင်ဦးသင့် ​ဒေါသက အလိုလို ထွက်လာအုန်းမှာမို့ သူ့မှာလည်း အ​တော် ​လေး အလိုက်တသိ ​နေရသည်။

"င​တေ !!!
င​တေ !!"

"လာ ခွန်ဝမ်း
ဘယ်လဲ "

"မိန်းမရဲသခင်မ​တောင်
လိုက်ခဲ့အုန်း
ပန်းသွားလှူမလို့ "

​"အေး​ ခဏ​စောင့် အ​ဝတ်အစား လဲပြီး လိုက်ခဲ့မယ် "

ခွန်ဝမ်းက တက္ကသိုလ် ပြီးသွားပြီမို့ မိဘ အလုပ်​တွေ ​တောင် ကူလုပ်​နေသည်။ သူသာ ထိုင်း ​ရောက် သွားလို့ ​ကျောင်းမတက်ရတာ ၂နှစ်ရှိပြီ။ ဒီနှစ် ​အ​ဝေးသင်တက်ဖို့ ​ကျောင်းအပ်ရအုန်းမည်။

"အ​မေ !!!သား ခွန်ဝမ်းနဲ့ သခင်မ ​တောင် လိုက်သွားမလို့ "

"အေး​အေး ဆိုင်ကယ် ​ဖြေး​ဖြေး​မောင်း "

Created by hate (Completed )Where stories live. Discover now