Uni
"ငယ်လေးရေ !!!
အလှူအတွက် ပင်းတယစျေး လိုက်ရအောင် ""မလိုက်ချင်ဘူး မမ
သားခွေးမလေးက မွေးတော့မှာ "အမြုတေ မနေ့က အိမ်ပြန်ရောက်တော့ လုံးဝ suprise ဖြစ်သွားတာက သူမွေးထားတဲ့ gucci ကြောင့် သူသမီးလေး ရွှေပုံက ကိုယ်ဝန်နဲ့ပါ ။ နေ့စေ့ လ စေ့ ဖြစ်နေတာမို့ ဘယ်မှမသွားချင် ။ သင်္ကြန်အကျ နေ့လည်း ဖြစ်တာကြောင့် ရေတွေ ပက်တာ လည်း ခံရမှာမို့ မမကို ငြင်းလိုက်သည်။ သူသမီး ရွှေပုံလေးကိုအားရှိမယ့် အစားအသောက်တွေ ကျွေးနေရင်း ဦးသင့်ကိုသတိရမိသည်။ ဦးသင့်ကိုကော ထမင်းကျွေးမယ့်သူ ရှိပါ့မလားလို့ ။
📞Hello
လေးလေး လှအောင်📞ပြောကိုစိုင်း
📞ဦးသင့်ကို အချိန်မှန်ထမင်းကျွေးဖို့သတိပေးတာ
📞ကိုစိုင်း ဆရာက မနေ့ရောက်ထဲက ထမင်းမစားဘဲ အလုပ်ပဲလုပ်နေတာ
📞ဗျာ ကျွေးတော့ ကျွေးလိုက်အုန်း နော်
""""ဟင်းးးး စိတ်ကို မချရဘူး
ဘာမှန်းလည်း မသိဘူး """သူဖုန်းဆက်ရင်လည်း မကိုင်တာမို့ ထမင်းပုံမှန်စားဖို့ ဘယ်လို ပြောရမှန်းမသိ ။ ဦးသင့်က သိပ်ဇွဲကောင်းတာ မို့ အရာရာ သူ့စိတ်တိုင်းကျမှ ထမင်း ထစားတာပါ ။ သူ့စိတ်တိုင်းမကျရင် ထမင်းစားဖို့ စကားမပြောတော့ ။
📩ထမင်း ပုံမှန် စားနော် ဦးသင့်
"အမယ် သူက လိုက်လာပြီး ကျွေးမယ်မရှိဘူး
မစားတော့ ဘာဖြစ်လည်း "Interior design အတွက် ပြင်ဆင်မှုများပြုလုပ်နေချိန်တွင် ကောင်လေးဆီက message ရောက်လာ၏။ ကလေးက မိဘ အိမ်မှာ အေးမေးဆေးဆေး နေမယ်မရှိဘူး သူ့ကို ဆရာ လာလုပ်နေပြန်သည်။ သူလည်း ဒီကောင်လေး ကို တခါတလေ ဘာကောင်လေးလည်းဆိုပြီး မေးလိုက်ချင်ပါသည်။သူ့က မကြိုဆို မှန်း သိလျှက်နဲ့ သူ့ဘဝထဲအတင်းဝင်ဖို့ ကြိုးစားနေတာကိုပါ ။
"လိုက်သွားလိုက်ပါ သားလေး
မင်းအဘ ကို သင်္ကြန်တွင်းမို့ ကားမမောင်းစေချင်ဘူး "
YOU ARE READING
Created by hate (Completed )
Romansမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ