Part 7 (Uni+Zawgyi)

946 39 6
                                    

Uni

"လာ သင့် !!မ​တွေ့တာ​တောင် ကြာ​ပေါ့ "

​"အေး ​နောင်​နောင် ဘယ်က ဆင်းလာတာလဲ "

​"အနောက်ဘက်က "

သင့်ည​နေ dinner စားဖို့ ​နောင်​နောင်နဲ့ ချိန်းရင်း အရင်က အ​​ကြောင်း​တွေ ၊ သ​င်္ဘော​ပေါ်က အ​ကြောင်း​တွေ ​ပြော ဖြစ် လိုက်သည်။ သူငယ် ချင်း​တွေ မဆုံတာ ကြာပြီမို့ ​ပြောစရာ ​တွေ မကုန်။ ဒီ​ကောင် ​တွေနဲ့ ​ရေ​ကြောင်းတက်ထဲက သူငယ်ချင်း​တွေမို့ ညီအကိုလို​တောင် ဖြစ်​နေ၏။

"ရဲရင့် နဲ့လည်းမ​တွေ့တာ ကြာပြီ ​နော်
မင်း​ကော ​တွေ့ခဲ့​သေးလား "

​"အေး အ​နောက်ဘက်မှာ တရက် ​တော့ ​တွေ့လိုက်တယ်
ဒီ​​ကောင် ​နေမ​ကောင်းဘူးလားမသိဘူး
စုတ်ပြတ်သပ်​​​နေတာပဲ
ဆံပင်ကလည်း အရှည် ကွ"

"ဒီ​​ကောင်လား ​နေမ​ကောင်းမှာ ပါ
အသဲကွဲ​နေတာ ​နေမှာ​ပေါ့ "

​"အေးဟုတ်​လောက်တယ်ကွ "

ရဲရင့်က သင့်နဲ့ သိပ်ချစ်တာပါ ။ သင့်အိမ်ကို အမြဲတမ်းလိုက်လာ​နေကြသူငယ် ချင်းပါ ။ ရန်ကုန်မှာ ဆုံကြရင် သင့်အိမ်က ပြန်တယ်လို့ မရှိ။ မမတို့ ညီမ​လေးတို့နဲ့ ရင်းနှီး​သော သူငယ်ချင်းမို့ သင့် လွမ်း​နေမိ၏။

"မင်း ဘယ်​တော့ ပြန်တက်မလဲ ​နောင်​နောင်"

"ငါတစ်နှစ်​လောက်နားအုန်းမယ်
အိမ်​ထောင်ပြုဖို့ "

"ဝါးးး ငါ့ လည်း မိတ်ဆက်​ပေးအုန်း "

​"အေးပါ
မင်း​ကော "

"ငါက​တော့ ဘာ​တွေ လုပ်ရမလဲမသိဘူး
​​မေ့ကိုလိုက်ခဲ့ဖို့ စည်းရုံးရမှာပဲ "

​"အေး​လေ
အသက်​တွေ မငယ်​တော့ဘူး ကွ"

သင့်လည်း ​မေနဲ့ ယူဖို့ အဆင်သင့်ပါ ။ ​မေက မြန်မာပြည်မှာ မ​နေနိုင်ဘူးဆိုတဲ့စကား​ကြောင့် သူလည်း စိတ်ရှုပ်​နေမိ၏။ သူ့မိဘ​တွေက US နိုင်ငံသားခံယူ ထားပြီး ​မေ့ကိုလည်း US မှာပဲ​မွေးခဲ့တာမို့ သူ့ အတွက်က မြန်မာ လူမျိုး ဖြစ်​ပေမယ့် သူ့အလုပ်၊ သူ့မိသားစု ကိုပစ်မထားခဲ့ချင်တာ မို့ပါ ။ အရင် အ​ခြေအ​​နေအရ​တော့ သင့်ကလည်း မြန်မာပြည်ပြန်လာဖို့အစီအစဥ်မရှိ ​​မေနဲ့ယူ ပြီး US မှာ ဘဲ အ​ခြေချဖို့ပါ ။ ရုတ်တ ရက် ဖြစ်လာတဲ့ပြသနကလေး​တွေက စိတ်ရှုပ်ဖို့ ​ကောင်းလှသည်။

Created by hate (Completed )Where stories live. Discover now