Uni
"ဝါးး !!!မိုးကြိုပန်းတွေ
လှလိုက်တာ "တောင်ကြီးကနေ အလုပ်ကိစ္စ တွေ မှာစရာ ရှိတာ မှာပြီးဦးသင့်နဲ့ရွာငံကိုသွားနေကြတာပါ ။ တောင်ကြီးကနေရွာငံသွားတဲ့လမ်းအောင်ပန်းနားမှာမိုးရာသီကိုကြိုတဲ့ မိုးကြိုပန်းခင်းကြီးက လမ်းတလျှောက် အရမ်းလှပါသည်။ ပန်းရောင် ကြိုက်တဲ့ သူ့အတွက် မေ့မရစရာ မြင်ကွင်းတစ်ခုပါ ။
"ကြိုက်လို့လား "
"ဟုတ် "
"ဓါတ်ပုံရိုက်မလား "
"တကယ်ပြောတာလား ဦး"
"အင်း "
အလုပ်တွေအရမ်းကြိုးစားတဲ့ ငယ်လေးအတွက် ပန်းခင်းဘေးမှာ ကားခဏရပ်လိုက်သည်။သူ့ ဖုန်းအစုတ်ကလေး ထုတ်ပြီး selfie ဆွဲနေတာကြောင့် ကားပေါ်ပြန်တက်ကာ မနေ့ကမှငယ်လေး အတွက် ဝယ်ပေးထားတဲ့ iphone 15 ပန်းရောင်လေးကိုယူလိုက်၏။ သူက ပန်းရောင် လုံးဝမကြိုက်ပေမယ့်ပန်းရောင်ကြိုက်တဲ့ကောင်လေးအတွက် ပန်းရောင်ဖုန်းလေး ဝယ်ပေးလိုက် ၏ ။ငယ်လေးက ပန်းရောင်လေးဝတ်ထာရင်ကိုအတော်ချစ်ဖို့ကောင်း၏။ ဒီနေ့လည်း ဘောင်းဘီ အသားရောင် cropped pants လေးနဲ့ ပန်းရောင် T shirt လေး ဝတ်ထားတာကို သဘောတကျ ကြည့်နေမိ၏။
"ဦး!!!
လာလေ""အေး
ရော့ မင်းအတွက်""ဗျာ
တကယ်လား ""စ..စရာလားကွ"
"ဝါးးး !!!ပျော်လိုက်တာ iphone ကြီး "
အမြုတေ လည်း ပျော်လွန်းလို့ ဦးသင့်ကိုပြေးဖက်လိုက်သည်။ ဦးသင့် က အံသြတကြီး ဖြစ်နေပေမယ့် သူလည်း ဖက်တာကို ရပ်ဖို့မေ့နေပြီး အရှိန်မပျက်တိုးလို့ဖက်ခဲ့၏။
"ကန်တော့ဦး
သား အရမ်းပျော်သွားလို့ပါ ""အင်း
ဖုန်းဝယ်ပေးထားနော်
ငါဖုန်းဆက်ရင် အမြဲကိုင် ကြားလား ""ဟုတ် "
"ပေး ဓါတ်ပုံရိုက်ပေးမယ် "
သူ့ဘဝမှာ iphone ဆိုတာ အိမ်မက်တောင်မမက်ဖူးပါ ။ mi phone လေးတောင် ဆယ်တန်းအောင်လို့ အမေနဲ့အဘ ကဆုချထားတာ ။ဖုန်းအကောင်းစား ကိုင်ဖို့ အိမ်မက်တောင်မမက်ဖူးတဲ့ သူ့ကို သူကြိုက်တဲ့ပန်းရောင် iphone လက်ဆောင်ပေးတဲ့ ဦးကို အရမ်းလည်းကျေး ဇူးတင်ပါသည်။ ဓါတ်ပုံ ဘယ်လို ရိုက်ရလည်း သင်ပေးနေပြီး သူအတူ နှစ်ယောက်ထဲ selfie ပုံတွေ အများကြီး ရိုက်ပေးတာ ဦးသင့်။ မိုးကြို ပန်းခင်းကြီး ရယ်၊ သူရယ်၊ ဦးရယ် အတော်လေးကို ပန်းချီကားဆန်လှ၏။ ဒီအချိန်လေး ကို ရပ်တန့်လို့ရရင် သူလည်း ရပ်တန့်ထားချင်ပါသည်။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ