Uni
"ဦးသင့် !!!"
"အင်း "
"ကျောက်ကုန်သည်တွေ လာပါတယ်ဗျ"
ငယ်လေးကို တွေ့ရမှာတောင် ကြောက်နေတဲ့ သင့်ပါ ။ ငယ်လေး နဲ့ တွေ့ရင် ဖောက်ပြားလာတဲ့ သူ့စိတ်တွေကို ချိုးနှိမ်ဖို့ ငယ်လေးကို အရင်လို ရင်းရင်းနှီးနှီး မနေတော့ပါ ။ အိမ်ကို ညအိပ်လည်း မခေါ်တော့ ။ မေနဲ့သာ ဖုန်းပြောရင်း အချိန်ပိုပေးဖြစ်၏။
"ဦး !!!ဒါ လေးက အဆင်ပြေတယ် "
"အင်း "
"ကျောက်တွေကို စျေးနည်းနည်း ပြင်ပေးပါအုန်း အန်ကယ်လ် "
"မရလို့ပါ ကိုစိုင်း "
"ကျနော်တို့က ဝယ်နေကြဖောက်သည်တွေလေ ဗျာ
ဦး !!!ခဏ လေးနော်
သား ထပ်ကြည့်အုန်းမယ် "အမြုတေလည်း မိုးကုတ်က ကျောက်ကုန်သည် ကြီးတွေ ဆီက ပါလာတဲ့ ကျောက်တွေကို အမျိုးအစားခွဲပြီး စျေးညှိနေ၏။ ငယ်လေးကတော့ စိတ်ပါဝင်စားစွာ အလုပ်လုပ်နေ၏။ သူကတော့ ကျောက်လည်း မကြည့်တတ် ၊ နားလည်း မလည်တာမို့ ဘာမှဝင်မပြော ။ သွင်းနေကြကုန်သည်တွေမို့အထွေအထူး လည်း မရှိပါ ။
"အော် မမဆင့် !!!"
"ကိုစိုးတို့ မိုးကုတ်က ရောက်နေတယ်ဆိုလို့ လာနှုတ်ဆက်တာ "
"ဟုတ်မဆင့်ရေ
သမီးက လာပို့မလို့လုပ်နေတာ
ကျနော်လည်း ရန်ကုန်လာစရာရှိလို့ ""နောက်တခါ သမီးရော
အမျိုးသမီး ရော ခေါ်ခဲ့
မတွေ့ရတာကြာပြီ"စီးပွားရေးသမားပီပီမမတို့က ကျောက်ကုန်သည် ကို မက်လောက်အောင် ပြောပြီး စျေးညှိလိုက် ၏။ ငယ်လေးနဲ့ နှစ်ယောက်သားစကား တွေပြောပြီး အရောင်းအဝယ် အဆုံးသတ်လိုက်သည်။ HR က နုလေး ယဥ်လာပြီး ငွေ ရှင်းတဲ့ကိစ္စ ပြီးဆုံးသွားပါ၏။
"မမ !!!ပြင်ခိုင်းတဲ့ နေ့လည်စာ အဆင်သင့်ပါ"
"အေးအေး နုလေး
ကိုစိုးတို့ နေ့လည်စာ ဧည့်ခံချင်လို့ပါ
ရှမ်းလေးရေ
မင်းဦးသင့်သွားခေါ် "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ