Uni
"အမေ့ဧည့်သည် "
"လာပါ သူဌေးမ"
"ရပါတယ် အန်တီရယ်
မဆင့်လို့ပဲခေါ်ပါ "ဆင့်တစ်ယောက် အမြုတေ မိဘ နှစ်ပါးနဲ့ လာရောက်တွေ့ဆုံလိုက်သည်။ သူလည်း ရှမ်းလေး အပေါ် မှားထားတာတွေရှိတာမို့ တောင်းပန်ချင်နေတာ။အခုမှ တောင်းပန်ဖြစ်တော့သည်။ မောင်လေးသင့်အတွက်သူ့လောဘ တွေကို လျှော့ရတော့မည်။ ရှမ်းလေးက လွဲပြီး ဘယ်သူမှ လက် မထပ် နိုင်ဘူးလို့ ပြောတာ မို့ မချော့ချင်လည်း ချော့ရအုန်းမည်။ ပြေးကြည့်မှ မောင်နှမ နှစ်ယောက်ထဲရှိတာမို့ အဆင်ပြေပြေနေချင်တာပါ ။
"ရှမ်းလေးကော အန်တီ "
"သူ့ကော်ဖီ ဆိုင် ခဏသွားတယ်"
"ကျမ တောင်းပန်ပါတယ်
အန်တီ
ရှမ်းလေးကိုရန်ကုန်မှာ ပြန်အလုပ်လုပ်ဖို့တောင်းဆိုပါတယ် ""အဲ့ဒါတော့ သားငယ် လေးသဘောပါ
မဆင့်
ကျနော်တို့က သားသမီးကို ဖိအားမပေးပါဘူး ""ဟုတ်တယ် မဆင့်ရယ်
ကျမတို့က သားငယ်လေး စိတ်ချမ်းသာဖို့ပဲ
သားသင့်ကိုလည်း အဲ့ ဒါကြောင့် လက်ခံခဲ့တာ
ရွှေတွေ ဂုဏ်တွေ မလိုဘူး
ကျမ ကလေးတွေ စိတ်ချမ်းသာရင် ပြီးရော "ဒေါ်နန်းအေးတင်လည်း ရင်ထဲက ဆန္ဒကို အား လုံးပြောပြလိုက်သည်။ သူ့ဘဝက သူ့မိသားစုပါ ။ သမီးကြီးက အပျို ကြီး လုပ်မယ်လို့ ပြောတုန်းကလည်း သူစိတ်မကောင်း ။ မိဘ တွေ မရှိရင်တစ်ယောက်ထဲဖြစ်မှာ ဆိုးတာမယူ စေချင်ပေမယ့်ပြောမရခဲ့ပါ ။ သမီးကြီး စိတ်ချမ်းသာအောင် သူလုပ်တဲ့ အပျိုကြီး လုပ်ခိုင်းလိုက်ရသည်။ အခု သားငယ်လေးလည်း ဘာထူးလည်း ။ယောကျ်းလေးခြင်းသဘောကြတယ်လို့ ဖွင့်ပြောတုန်းက သူ့မှာ သွေးတွေတိုးပြီး ၁လ လောက် အိပ်ယာထဲလဲခဲ့ရသည်။ အခုတော့ သားငယ်လေး လည်း သူ့သဘောအတိုင်းမောင်သင့်နဲ့ တွဲခိုင်း လိုက်ရသည်။ သူ့မွေးထားတဲ့ကလေးတွေပျော်ရွှင်ရင် သူလည်း ပျော်ရွှင်ရပါသည်။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ