Part 4 (Uni+Zawgyi)

998 42 5
                                    

Uni

"မင်းက ဘာလို့ မျက်ရည်ကျ​နေတာလဲ "

"ဘာမှမဖြစ်ပါဘူး "

"အမြု​တေ!! မင်း ငါ့ကို စိတ်တို​အောင်လုပ်​နေတာလား "

"မဟုတ်ပါဘူး "

"မဟုတ်ဘူးဆို ငါ့မျက်စိ​ရှေ့ကထွက်သွား "

အမြု​တေ မျက်ရည်က သူ့အလိုလို ထွက်လာတာ။ မနက်ဖြန်သင်္ကြန်ပိတ်ရက်မို့ အားလုံး အလုပ်ပိတ်ပြီး အိမ်ပြန်ကြမည်။ ဆိုင်ခွဲ​တွေအားလုံး ၁၀ရက်တိတိ ပိတ်ပြီး မုန့် ဖိုး​တွေ အများကြီး​ပေး၏။ ဝမ်းနည်းတာ ဦးသင့်က အခြားသူ​တွေကိုမုန့်ဖိုး​ပေးပြီးသူ့ကို လုံးဝမုန့်ဖိုးမ​ပေးတဲ့အပြင် အလုပ်ပိတ်ဖို့လည်းမ​ပြောပါ ။ သူအ​တော်ဝမ်းနည်း​နေရ၏။

"စိုင်း!!!ဘာဖြစ်တာလဲ "

"ဘာမှမဖြစ်ပါဘူးကွာ "

"ငါကားလက်မှတ် ဖြတ်လာခဲ့တယ် အိမ်ပြန်ဖို့ "

"ငါမပြန်ဖြစ်ဖူး "

"ဘာဖြစ်တာလဲ
သူ​ဌေးက ဘာ​ပြောလို့လဲ
ငါသွား​ပြောမယ်
ဆိုင်​တွေ အားလုံးပိတ်တာကို "

"ရတယ်ထားလိုက်
ငါကိုကမပြန်ချင်တာ "

ရန်နိုင် အသဲကို ကျွှဲခတ်သလိုပါ ။ အရင်အပတ်ထဲက အိမ်ပြန်ဖို့ သူ့အ​မေကို ​ဖုန်းဆက်​နေတဲ့ သူက အခုမပြန်ဖြစ်ဖူးဆိုတာ​တော့ သူ​ဌေး​ကြောင့်က လွှဲ၍မဖြစ်နိုင်။ဘာလို့များ စိုင်းလို ဖြူစင်တဲ့ သူကို အနိုင်ကျင့်ချင်​နေလည်းမသိ ။

​"အေး​အေး
အခုလို မမဆင့်ကို ကန်​တော့ရတဲ့အကျိုး​ကြေင့် ကျန်းမာ ချမ်းသာ ဝမ်းဖြာ ပါ​စေကွယ် "

​"ပေးတဲ့ဆုနဲ့ပြည့်ပါ​စေမမ "

"Bonus ​တွေ​​ကော ထုတ်​ပေးကြပြီလား"

"ဟုတ်မမ "

သင်္ကြန် bonus အဖြစ် ဆိုင်ခွဲအားလုံးက ဝန်ထမ်း​တွေကို တစ်​ယောက်ကို ၅သိန်းဆီ မုန့်ဖိုး​ပေး၏။ သင်္ကြန် ၁၀ရက် ပိတ်​ပေးတာ​ကြောင့် အိမ်ပြန်ဖို့ တက်ကြွ​နေကြသည်။ အဲ့ထဲမှာ မတက်ကြွတာ​တော့ ရှမ်း​လေးပါ ။ အသားက ဖြူပါတယ်ဆို ငိုထားတာ မျက်နှာက ရဲ​နေတာသိသာ၏။ ဘယ်သူနဲ့ ဘာဖြစ်တာလဲ ဆိုတာ ​ခေါ်​မေးမှ ဖြစ်မည်။ သူကိုယ်တိုင်သ​ဘောကျလွန်းလို့ အိမ်အထိ သွား​ခေါ်ထားတဲ့ ဝန်ထမ်းတစ်​ယောက်ပါ ။ အဲ့လို ဝန်ထမ်း​ကောင်း​လေးကို လက် လွှတ်လို့မဖြစ်။

Created by hate (Completed )Where stories live. Discover now