Uni
"ဦးသင့် !!
သားရောက်ပါပြီ ""မနက်ဖြန် ခရီးထွက်ဖို့ အဝတ်အစားထည့်ပေးအုန်း "
"ဟုတ်ကဲ့ဗျ "
အလုပ်ဆင်းပြီးမှ ဦးသင့် ဖုန်းခေါ်လို့ taxi ငှားပြီး အပြေးရောက်လာရသည်။ သူတောင် ဘာ အထုပ်မှမထည့်ရသေးပါ ။ အဘ ၊အမေနဲ့ မမအတွက် ပစ္စည်းပို့ပေးချင်လို့ သွားဝယ်နေတာ ။ ရန်နိုင်ကလည်း ခရီးထွက်ဖို့ ဦးသင့်အတွက် အသင့်တော်ဆုံး Range Rover SUV ကားအနောက်ရောင်ကို အားလုံးသွားစစ်ပြီး အလုပ်များနေ၏။ သူကလည်း ဦးသင့် လိုအပ်တာ မှန်သမျှ luggage ထဲ ၁၀ ရက်စာ လောက်အပြည့်အစုံ ထည့်ပေးလိုက်သည်။ သူက အဝတ်လဲခန်းထဲမှာ အလုပ်များနေတုန်း ဦးသင့်ကလည်း mac book တစ်လုံးဖြင့် အလုပ်များနေ၏။ တခါမှမမြင်ဖူးပေမယ့်ဦးသင့် ပါဝါ မျက်မှန်တပ်ပြီး အလုပ်လုပ်နေ၏။
"ဦးသင့် !!
သားအားလုံးပြင်ပေးထားပါတယ် ""အင်း "
"သား ကိုပြန်ခွင့်ပြုပါအုန်း ဦး
မနက် ၈နာရီလောက် အိမ်က စထွက်တာပေါ့ နော် ""..........."
"ဦးဘာပြောစရာ ရှိသေးလဲ "
"မရှိဘူး "
သင့် လည်း တစ်ခါမှ ရွှေလုပ်ငန်းကို မလုပ်ဖူးတာမို့အတော်လည်း ကြိုးစားနေရ၏။ ဆိုင်တွေ စစ်ဆေးဖို့ကတော့ ကောင်လေးရဲ့ အစီရင်ခံစာကြည့်ပြီး စာရင်းစစ် လက်ထဲအပ်လိုက်ရုံပါပဲ ။ ကိုယ်ကလည်း MBA နဲ့ ကျောင်းပြီးထားတာမို့ စာရင်းပိုင်းနားလည်ပေမယ့် ရွှေထည် စိန်ထည်တွေကတော့ ကောင်လေးလို မကျွမ်းကျင်ပါ ။ အစစအရာရာ ကောင်လေးပြောပြတာကို လိုက်လုပ်နေ၏။
"ထမင်းသုပ် အရမ်းကောင်းတယ် ကြီးကြီးမိုး "
"ရှမ်းလေး လုပ်သွားတာ
သားအတွက်တဲ့ ငါးထမင်းနယ် လေ " (ကြီးကြီးမိုး)"ဟုတ်တယ် မောင်လေး
ရှမ်းလေးက ရှမ်းစာတွေ အရမ်းကျွမ်း " (မမဆင့်)"သူက ရှမ်းလား " (သင့်)
"အေးလေ ရွာငံက
ရိုးသားတဲ့မိသားစု က မွေးလာတာ
ကလေးကို သိပ်မဆူပါနဲ့ မောင်လေး "(မမဆင့်)
YOU ARE READING
Created by hate (Completed )
عاطفيةမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ