Uni
"အမေ့သွားမှာလား
ငယ်လေးဆီ ""သွားမှကောင်းမှာပေါ့ "
သားငယ် လေး က အိမ်တက်မင်္ဂလာလုပ်မှာမို့ သူတို့တစ်မိသားစု လုံးကို လာစေချင်ကြောင်းပြောပါသည်။ သားသင့် ကလည်း သူ့ကို ဖုန်းဆက်ပြီး သူကိုယ်တိုင် ကားဖြင့် လာခေါ်မယ်ဆိုတာ ပြောပြီးပါပြီ။ ဒါပေမယ့် အခက်တွေနေတာ သူ့ယောကျာ်းကြောင့်ပါ ။ သူယောကျာ်းကို ငယ်လေးနဲ့ သင့် အိမ်တက်ပွဲလို့ကို မပြောရဲတာကြောင့်ဖြစ်သည်။ နောက် ဆက်တွဲမေးခွန်းတွေကို သူမဖြေနိုင်ပါ ။ သူကသာ သားငယ်လေး အဆင်ပြေစိတ်ချမ်းသာနေတာကြောင့် မဖြစ်နိုင်မှန်းသိပေမယ့် သားသင့်နဲ့ သဘောတူထားပေမယ့် ကို ထီးခမ်းကတော့ ရိုးသားတဲ့တောင်ပေါ်သားပီပီ လက်ခံမှာ မဟုတ်ပါ ။
"ဘာတွေ ပြောနေကြတာတုန်း
ဒီသားအမိ ""ဘာမှမဟုတ်ပါဘူး အဘ
နေ့လည်စာ စားတော့မလား အဘ ""မစားသေးပါဘူးကွာ
ဒီနေ့ ငါ့သားငယ်လေးကို သတိရနေတာ
အဲ့ကလေး အိမ်ပြန်မလာတာ ၃လ တောင် ရှိတော့မယ် "သူ့သားငယ်လေးကို သတိရနေတာ ကြာပါပြီ။ ဖုန်းသာဆက်တာ လူပြန်မလာတာမို့ စိတ်ထဲတမျိုး။ ရန်ကုန်မှာ သူ့သူဌေးကများ သားငယ်လေးကို အနိုင်ကျင့်ပြီးများခိုင်းတာလားဆိုတဲ့မေးခွန်းတွေက အတွေးထဲ ရောက်လာခဲ့သည်။မအေး မေးရင်လည်း သူဌေးကို အကောင်း သိပ်ပြောလွန်းလို့မမေးချင်ပါ ။
"ဘာဖြစ်တာလဲ ကိုအောင် မျက်နှာက "
"ဘာမှမဖြစ်ပါဘူး သားငယ်လေး သတိရလို့"
"ငယ်လေး နဲ့ သားသင့်က အိမ်တက်လှမ်းဖိတ်ထားတယ်
တော်လည်း လိုက်ခဲ့လေ ""မလိုက်ချင်ပါဘူးကွာ
ဘာလည်း သူ့သူဌေးက မွေးစားလိုက်တာလား ငါ့သားကို ""မဟုတ်ပါဘူး
ဒီတိုင်း ... ""ရှုပ်ရှုပ်ယှက်ယှက်တွေတော့ မလုပ်နဲ့မအေးရေ "
ဒီတခါ ဒေါ်နန်းအေးတင် ခေါင်းကိုက်သွားတာပါ ။ ကို ထီးခမ်းက အရမ်းရိုးသားသူမို့ ဘာမှမပြောတာ ပါ ။ သူပြောလိုက်ရင်လည်း တစ်အိမ်လုံး ကြောက်ရပါသည်။ သားလေးကိုလည်း စိတ်ချမ်းသာစေချင်သည်။ ယောကျာ်းကိုလည်း စိတ်မဆင်းရဲစေချင်ပါ ။ ကြားထဲက ဘာလုပ်ရမှန်းမသိအောင် စိတ်လေ နေ၏။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ