Part 9 (Uni+Zawgyi)

861 41 5
                                    

Uni

"ဦးသင့် !!!
သား​မောင်း​ပေးမယ်​လေ "

သင့် ဘာ​တွေ​ပြော​နေတာလည်းဆိုပြီးတချက်ကြည့်လိုက်​၏။ မ​နေ့က ဆိုင်ဖွင့်ပွဲမှာ အရမ်းပင်ပန်းထားတာကို​တောင် ဒီ​နေ့ ရန်ကုန်ပြန်ဖို့ အတင်း​တွေ အဝတ် အစားထည့်ပြီး မနက်အ​စောကြီး အဆင်သင့်ဖြစ်​​နေသူကငယ်​လေး။ အခု ကား​ပေါ် ​ရောက်တဲ့အထိ သူ​မောင်းကူအုန်းမယ်ဆို​တော့ ဒီ​ကောင်​လေး ​ငေါက်မှဖြစ်​တော့မည်။ ​ကောင်​လေးဘက် လှည့်ကြည်လိုက်​တော့ အိပ်​တောင်​ပျော်​​နေပြီ ။ ကား​မောင်းကူမယ့်​ကောင်ကမန်း​လေးက​တောင်မထွက်​သေးဘူး ပါးစပ် အ​ဟောင်းသားနဲ့အိပ်​မောကျ​နေ​တော့၏။

📩 Happy birthday စိုင်း​လေး

အိပ်​ပျော်​နေတဲ့ ငယ်​လေး ဖုန်းကို message ​ပေးပို့သူက ရန်နိုင်။ သူလည်း ဖုန်းမီးလင်းလာတာမို့ မသိမသာ ခိုးကြည့်ထားတာ။

""အမ်!!! ဒီ​နေ့ငယ်​လေး​မွေး​နေ့လား
ဘာမှလည်း မ​ပြောဘူး ဒီ​ကောင်​​တော့
ဒါဆိုငယ်​လေး​မွေး​နေ့က ​မေလ ၁ရက်​နေ့​ပေါ့ ""

သင့်လည်း အိပ်​ပျော်​နေတဲ့ ငယ်​လေးကို ကားထဲထားက SP ကိတ်မုန့်တိုက်က ငယ်​လေးအတွက် ​​မွေး​နေ့ကိတ် တစ်လုံးဝယ်လိုက်၏။ အ​မေနဲ့အဘ လူ ကြီး​တွေနဲ့ သင့်​တော်မယ့် မုန့်များစွာ ဝယ်ပြီး ကား​နောက်ခန်းထဲထည့်လိုက်သည်။ သူကား​ပေါ် ပြန်​ရောက်တာ​တောင် မသိ​လောက်​အောင် ဘာ​အိမ်မက်​တွေ မက်​နေလည်းမသိအ​တော်ကို အိပ်​မော ကြ​နေ၏။ သူလည်း ရန်ကုန် ပြန်မယ့် လမ်း​ကြောင်း​ပြောင်းကာ ရွာငံကိုဦးတည်လိုက်သည်။ ငယ်​လေးကို bonus ​ပေးလိုက်တာပါ ။ စိန်တိုက်ဖွင့်ဖို့အတွက် လုံးဝမနားရ​သေးတဲ့အတွက် နားခိုင်းပြီး မိဘ ​တွေနဲ့ အလွမ်း​ပြေသွား​အောင်ပါ ။

"အမ်!!!
အိပ်​ပျော်သွားတာပဲ
ဗိုက်ဆာ ပြီလားဦး"

"မဆာ​သေးပါဘူး "

"ရန်ကုန်ပြန်တဲ့လမ်းလည်း ဟုတ်ဘူး
အင်!!! အိမ်ပြန်တဲ့လမ်း ကြီး
ဝါးးး ဦးသင့် သားကို အိမ်​ပြန်ပို့​ပေးတာလား "

"အင်း "

​"ပျော်လိုက်တာ ​ကျေးဇူးပါ
ဟီးဟီးးး"

Created by hate (Completed )Where stories live. Discover now