Uni
"စားကောင်းလား "
"ဟုတ်
အရမ်းကောင်း ကြိုက်တယ် "မနက်အလုပ်မသွားခင်ကလေးကို ထမင်းခွံ့ကျွေးရသည်။ ချက်ပြုတ်တာကတော့ သူ့အတွက် အားလုံးလုပ်ပေးပေမယ့် ထမင်းကတော့ သူကိုယ်တိုင်ခွံ့ကျွေးမှ စားတော့တာငယ်လေးပါ ။ MB A ပြီးတော့မှာမို့ အလုပ်များနေတဲ့ကလေး ပါ ။ ရုံး ချုပ်မှာ သူ့ PA လုပ်နေပေမယ့် အခု ငယ်ကိစ္စတွေ သူပါ လုပ်ပေးနေရသည်။ ငယ်လေး လည်း ကြိုးစားပြီး MBA ရဖို့လုပ်နေတာမို့ သူလည်း ငယ်လေးကို အားပေးရတာ အမော ။ သူ့အမေ နဲ့အဘ ကိုလည်း လွမ်းသေးတာ ။ သူအမ ကို လည်း ညတိုင်း ဖုန်းပြောပြီး အလွမ်းဖြေသေး၏။
"အကိုလေး !!"
"ဗျာ ဦးကြီး "
"အကိုလေး နာမည်နဲ့ပန်းစီးရောက်နေတယ် "
"ဟယ်"
ခြံရှေ့မှာ deli က ပန်းစီးကြီး လာပို့တာမို့ ခြံစောင့် ဦးကြီးက အပြေးအလွှား ယူ လာပေးသည်။ လာပေးတဲ့ ပန်းစီးကလည်း သူ့အကြိုက် နှင်းဆီးပန်း ပန်းရောင်တွေပါ ။ သူလည်း ပန်းရောင်ဆို သိပ်ကြိုက်လွန်းလို့ ပန်းစီးကို ယူကြည့် လိုက်တော့ရန်နိုင်ဆီက ။
"ရော့ ဦး
သားနဲ့မဆိုင်ဘူးနော်
သားလည်း မသိဘူး ""တောက် !!!
ဦးကြီး အမှိုက်ခြင်းထဲထည့်လိုက် "ဦး က စိတ်မဆိုးပေမယ့် ထမင်းမစားတော့ပါ ။ သူ့ကိုသာ ခွံ့ကျွေးနေတာမို့ သူလည်း မစားတော့ပါ ။ မနက်ခင်းလေးတော့ မသာမယာ ဖြစ်သွားခဲ့ရသည်။
ဦး နဲ့အတူ ရုံးသွားဖို့ ပြင်ရသည်။ ဒီနေ့ သောကြာနေ့မို့ မနက်ဖြန်လည်း သင် တန်း ရှိသည်။"ယောကျာ်း!!!
ဆေးသောက်ရအောင် ""ဘာဆေးလဲ "
"သွေးကျဆေးလေ "
"ပေး "
ကားထဲရောက်မှ ရေသန့်ဗူးလေး ဖွင့်ပြီး ဆေးတိုက်၏။ တကယ်ဆို အိမ်မှာထဲက တိုက်ရမှာ ဦးမျက်နှာ အခြေအနေမကောင်းတာမို့ ။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ