Uni
"ပြွတ်စ်!!! ဘာလို့အစောကြီး ထနေတာလဲ "
"ဦးအတွက် breakfast ပြင်ပေးချင်လို့"
"Morning kiss ပေးအုန်း "
"ဆေးလိပ်သောက်သေးလား "
"နမ်းကြည့် "
ဦးရဲ့ရဲစိုနေတဲ့ နှုတ်ခမ်းကို နမ်းလိုက်တာ ဆေး လိပ် နံ့မရတော့ပါ ။ မျက်နှာ သစ်၊ သွားတိုက်လာတာမို့ စတော် ဘယ်ရီ အနံ့ လေး ရနေ၏။ မနက်အစော ထပြီး ဦးအတွက် မနက်စာ ရယ် ထမင်းချိုင့်ရယ် ပြင်ဆင်ပေးဖြစ်သည်။ ရန်ကုန်မှာ နေတဲ့ ၁၀ရက်အတွင်းမှာဦးကို စိတ်ချမ်းသာ အောင် ထားမယ်လို့ ဆုံးဖြတ်ထားလိုက်သည်။ မနက်စာကတော့ အာလူး ကတ်သလိပ်ကြော်၊ အမေထည့်ပေးလိုက်တဲ့ပဲကိုပြုတ်ပြီး ကြက်သွန်နီနဲ့သုပ်ထားလိုက်သည်။ ငါးရံခြောက်ကင် ကို အမေထည့်ပေးလိုက်တဲ့ နေကြာဆီဆမ်း လိုက်သည်။ မမ နှပ်ထားတဲ့ လ္ဘက်နှပ်နဲ့ မြေပဲဆံကြော်ရယ် အဘ လက်ရာနှပ်ကော်ဖီရယ်ပြင်ဆင်ထားလိုက်သည်။
"ကောင်းလိုက်တာကွာ
ဒီ ကလေးလေးကို ပြန်မလွှတ်တော့ဘူး ""ဟီးဟီး
သားပြောစရာရှိတယ် ဦး ""အင်းပြော လေ "
"ဦးစိတ်ဆိုးမှာလား "
"ပြောကြည့် "
"သားအဝေးသင် တတိယနှစ်တက်ဖို့ "
သင့် လည်း ငယ်လေးကို ကြည့်ကာ မထိမ်းနိုင်ဘဲ ပါးကို အားပါးတရ နမ်းလိုက်သည်။ သားက အဖေကို ပူစာ သလိုမျိုးလေးမို့ပိုပြီးတောင် သဘောကျမိသည်။ သူ့သာမတက်ခိုင်းရင် ကျောင်း ဆက်မယ့်သဘောမရှိ။ကြာလေ မြတ်နိုးရလေ ဖြစ်စေသော ကလေးလေးပါ ။
"ဘယ်တော့တက်ရမှာလည်း "
"၁၀လပိုင်း "
"တက်ရမှာပေါ့ တောင်ကြီးမှာ မို့လား
ဦး လိုက်ပို့မယ် ""ဟီးဟီး ပျော်လိုက်တာ သားက ဦး မတက်ခိုင်းဘူးထင်တာ "
"တက်ရမှာပေါ့ကလေးရယ်
ဦးရဲ့ ပိုင်ဆိုင်သူလေးက ဘွဲ့လေး ၁ခုတော့ ရရမှာပေါ့ "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ