Uni
"ကိုခန့်လာ " (ငယ်လေး)
"ဘာလုပ်ကူရအုန်းမလဲ စိုင်း " (ကိုခန့်)
"ဘာမှမလိုတော့ဘူး
ဦးသင့် အားလုံး လုပ်နေတာ " (ငယ်လေး)"ဟေ ငသင့် မင်းက " (နောင်နောင်)
"ငါကတော့ ဟုတ်မလား
အိမ်က အကူ တွေရယ်
ဆိုင်က ဝန်ထမ်းတွေ ရယ် လာလုပ်သွားတာ " ('သင့်)တိုက်သစ် တက် ၊ ဝါဆို သင်္ကန်းကပ်က ဝါဆို လပြည့် နေ့လုပ်မှာ ပါ ။ ဝါဆိုလပြည့် နေ့က သူ့မွေးနေ့ပါ ။ အင်္ဂလိပ်လိုကော ၊ မြန်မာ လိုကော တိုက်နေတဲ့အတွက် ထူးထူးခြားခြားလေးလုပ်ဖြစ်သွားတာ ဖြစ်သည်။ သူငယ်ချင်းတွေက အိမ်မှာ ကူဖို့ အားလုံး နီးပါး ရောက်လာကြသည်။ အိမ်က စံပယ်တို့က လာ လုပ်ပေးနေပြီး မီးဖို ချောင်အတွက်ပါ ငယ်လေးထမင်း ချက်ရအဆင်ပြေအောင် နေရာ ချပေးနေသည်။ ဆိုင်က ဝန်ထမ်း အယောက် ၃၀ ကျော်ကလည်း ပရိဘောဂ တွေ အားလုံးနေရာ ချပေးနေ ၏။ သူကတော့ သူဖြစ်ချင်တာ ခိုင်း လိုက်ရုံပါ။
"အာာ လာ လူပျိုကြီး " (သင့်)
"အမယ် ငါ့ကို နှိမ်မယ်မကြံနဲ့
ငါလည်း မကြာခင် ရည်းစား ရှာတော့မှာ" (အုပ်စိုး)"ဘာာာ!!!!" (နောင်နောင်)
"ဟုတ်တယ် တွေ့နေပြီ " (အုပ်စိုး)
အားလုံး အလုပ်များနေပေမယ့် ဧည့်ခန်းမှာ သင့်ရယ် ၊ နောင်နောင်ရယ် ၊ အုပ်စိုးရယ် ၊ မင်းထက်ရယ် စကားကောင်းနေ၏။ ငယ်လေးကတော့ ပစ္စည်းတွေ နေရာ ချတာ လိုက်ကြည့်ပြီး နေ့လည်စာ အတွက် စံပယ်တို့အဖွဲ့ ချက်နေတာကို ကူလုပ်ပေးနေ၏။ ခန့်ညားကော ၊ အေးချမ်းစိုးကော အားလုံးငယ်လေး အနားမှာ ပါ ။ အုပ်စိုးပြောလိုက်တဲ့စကားကြောင့် အံအားသင့်နေတာ သင့်ပါ ။ ဖူးစာ ဆိုတာ ရွာလည်တယ်ပဲဆိုအုန်းတော့ ကောင်း နဲ့တိုက်တိုက်ဆိုင်ဆိုင် ။ အဲ့ဒါကြောင့် ငယ်လေးက ပြောတာ အုပ်စိုးက မရိုးသားဘူးလို့ ။
"အဲ့တော့မင်းက အသက်ကြီးမှ ရည်စားထားတော့မယ်ပေါ့ " (မင်းထက်)
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ