Uni📞အေး နောင်နောင် ပြော
📞ကားကိစ္စ japan သွားရမယ်
📞မင်းပဲ သွားလေကွာ
ငါမှမအားတာ📞မင်းက ပိုင်ရှင်လေ
စာချုပ်က မင်းနဲ့ ချုပ်မှ ရမှာမနက်ဖြန် ညနေ ဂျပန်သွားဖို့ကိစ္စ အတော်လေး အလုပ်ရှုပ်သွားသည်။ မသွားလို့လည်းမဖြစ်တာမို့ သူကိုယ်တိုင်သွားရမည်။ ငယ်လေးကို ပြောပြရင်လည်း ဒေါသ ထွက်မှာ သေချာသည်။ သူ့ကလေးလေးက အမြဲတမ်း သူ့ကို ကပ်နေ၏။ အခုဆို အဘ နဲ့ ပြသနာ တက်ပြီးတော့ သူ့ကို အဖေလိုကို ဖြစ်နေတော့ သည်။ ပြီးတော့ မနက်ဖြန်စနေ ငယ်လေး သင်တန်း သွားရမှာမို့ သူလိုက်ပို့ချင်နေမိသည်။
"မျက်နှာက ဘာဖြစ်တာလဲ ဦး "
"လာအုံး ဦးပြောစရာ ရှိလို့ "
"ဘာလဲ
သားစိတ်ညစ်ရမည့်စကားလား "သင့်လည်း ကား show room ကိစ္စ ၊ japan သွားရမည့်ကိစ္စ အားလုံးပြောပြလိုက်သည်။ မပြော လို့လည်း မရတော့တဲ့ အနေအထားမို့ပါ ။ ကား show room က မဖွင့်ရသေးပေမယ့် ဂျပန်က ကားကုမ္ပဏီတွေနဲ့တိုက်ရိုက် စာချုပ် ချုပ်ရမှာ ဆိုတော့ သူသွားမှကိုရမည်။
"ဘယ်လောက်ကြာမှာလဲ
ဘယ်တော့ ပြန်လာမှာလဲ ""၁ပတ် လောက်ပေါ့ "
"အကြာကြီးပဲ
ဘာတွေ လောဘ ကြီးနေတာလဲ
SHT က ဝင်ငွေတွေတောင် သေချာ သုံးနိုင်လို့လား ""သားတွေ သမီးတွေ လာအုန်းမယ်လေ
မိန်းမရယ်
ပြွတ်စ် !!!ဟုတ်ဘူးလား "ဦး စကားကြောင့်ပီတိဖြာသွားပေမယ့် သူ့မတိုင် ပင်ဘဲ show room လုပ်တဲ့ကိစ္စကတော့ စိတ် ဆိုးရအုန်းမည်။ ဒီတခါ လွှတ်ပေးလိုက်ရင် အမြဲ တမ်း လွှတ်ပေးနေရမှာ ။ ဦးသင့်တို့က သူများသား သမီးကို ယူ ရုံတင်မကဘူး ကလေး မွေးပေးဖို့ အစီအစဥ်နဲ့ပါ ။ ဦးမတောင်းဆိုလည်း SHT မျိုးစက်အတွက် သူ့မှာ တာဝန် ရှိတာ သူသိပါသည်။
"ရတယ် သွား
စိတ်ကြိုက်နေ ""အာာ!!! မဟုတ်ဘူးလေ ကလေးရယ် "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ