Uni
"ကျနော် စိုင်းအမြုတေပါဗျ"
"အင်း"
"ကျနော် ..မနက်ဖြန်မှအလုပ်စ..."
"ဒီနေ့စပြီး အလုပ်ဆင်း "
"ဟုတ် ....ဟုတ် ဦးသင့် "
အမြုတေ ရုတ်တရက် ထွက်သွားတာက သူရင်ထဲက ခေါ်နေကြနာမည်။မနက်ဖြန်မှအလုပ်စ ဆင်း ဖို့ လာပြောရင်း မမဆင့်က 'နင့် အကိုကို သွားနှုတ်ဆက် လိုက်အုန်းလို့' အလုပ်ခန်းထဲအထိလာခဲ့တာပါ ။ ဦးသင့်ကို မြင်တော့ ခြေ ဖျား၊လက် ဖျားတွေတောင် အေးစက်သွားတော့ သည်။ အရင် မမတင့် PA လုပ်တုန်းက ဓါတ်ပုံပဲ မြင်ဖူးပေမယ့် အခု လို အနီး ကပ်ကြီး စကားပြောလိုက်ရတော့ လူက ရူးခါသွားတော့သည်။ အရှိန်အဝါ အရမ်းကောင်းတဲ့ ဦးပါ ။ သူနားနေရင်းကတောင် အလိုလို သိမ်ငယ် လာ၏။
"အိပ်ခန်းထဲလိုက်ခဲ့ ကိုယ် ဝတ်ရမယ့် အဝတ်အစားရွေးပေး"
"ဗျာ "
"မဗျာနဲ့ မင်းနေတိုင်းလုပ်ရမယ့် အလုပ်တစ်ခု "
"ဟုတ် "
အလုပ်ခန်းကနေ သူ့အခန်းထဲဘယ်လို ရောက်သွားမှန်းမသိအောင် မြန်လွန်းတာကြောင့် အမြုတေ ပြေးလိုက်ရ၏။ ပထမဆုံး အတွေ့အကြုံ ဆိုတော့ ဒူးတွေတောင် တုန်သွား၏။ ဦးသင့်က ဘာတွေ ကြိုက်မှန်းမသိတာကြောင့် နောက် ဆုံးတော့ မီးခိုးရောင် suits ကို ထုတ်ပေးလိုက်၏။
"မင်းက ငါ့ကို ပူပြီးသေအောင် လုပ်နေတာလား
ရန်ကုန်က ဒီလောက်ပူတာ ""ဗျာ "
နောက်ဆုံးတော့ သူကိုယ်တိုင်ပဲ style pants အသားရောင်နဲ့ polo shirt အနက်ရောင် လက် တို ကို ရွေးဝတ်လိုက်၏။
"ဦးသင့် ခါးပတ် "
"အင်း "
အမြုတေ ဘာလုပ်မှန်းမသိတော့တာမို့ များပြားလှတဲ့ အဝတ်လဲခန်း ထဲမှာ hermes ခါးပတ် အနက် ရောင်တစ်ခုကို ပေးလိုက်သည်။ ဦးသင့်ရဲ့မရယ်မပြုံးမျက်နှာက အတော်ကြောက်စရာကောင်းနေ၏။ ဘာကြောင့်မှန်းမသိ သူကြောက်နေမိသည်။ ဒီနေ့ အလုပ်မဆင်းသေးဘူးအထင်နဲ့ ပုဆိုးနဲ့ရှပ်လက်တိုလေးသာ ဝတ်လာသော သူ့အတွက် အတော် အဆင့်ကွာနေပါသည်။ မမတင့် သင်ပေးထားတဲ့ အတိုင်းဆို သူဌေးဂုဏ်တက်စေဖို့ PA ကလည်း သင့်တင့်လျှောက်ပတ်အောင် ဝတ်ရမည် ဆိုတာပါပဲ။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ