Uni
""""ရှမ်းလေးရေ မမ မင်းကို ရင်ဖွင့်စရာတွေရှိတယ်""""
မိုးရွာ သည်းထန်စွာ ရွာနေတာကြောင့် ညီမလေးကို သင့် လွမ်းလာ၏။ ညီမလေး အခန်းထဲဝင်ပြီး အလွမ်းပြေဖို့ ဟိုကြည့်ဒီကြည့် ကြည့်နေခဲ့သည်။ ညီမလေး အခန်းထဲမှာ note pad လေးတွေနဲ့ ရေးမှတ်ထားတဲ့အကြောင်းအရာ တချို့ကို အမြဲဖတ်ရသည်။ အခုလည်း ညီမလေး လက်ရေးနဲ့ note pad လေး ။ ညီမလေး စာတွေ သူဖတ်ရတိုင်း ရှမ်းလေး နာမည်က မပါမပြီး ။ ညီမလေးနဲ့ ရှမ်းလေးက ဘာတွေလည်း ရှမ်းလေးကိုသူဘယ်လိုတွေ နားလည်ရမလဲ။ မမဆင့်ကို တီးခေါက်ကြည့်တော့လည်း တင့်နဲ့ပါတ်သက်တာ သိပ်မသိ။ စီးပွားရေးသမား အပျိုကြီးပီပီပိုက် ဆံရှာမယ် ၊ လှူမယ် ဆိုတာပဲသိ၏။ သူလည်း တင့် အကြောင်း စဥ်းစားမိပြီး အတွေးတွေ ကမ္ဘာပတ်ကာ အတော်လေး နေလို့မကောင်းပါ။ အမြုတေပေါ် မုန်းတီးလို့ မရတဲ့ သူ့စိတ်ကိုလည်း အတော်လေးဒေါသထွက်မိ၏။
"Morning ပါ ဘဘ "(စိုင်း)
"အေးကွ ရှမ်းလေး "(ဘဘ)
"မမ ဆင့် morning"(စိုင်း)
"အေး ရှမ်းလေးရေ
မင်း ဦးသင့် မနိုးသေးဘူး
နေမကောင်းဘူးလားမသိဘူး" (မမ)မမဆင့်စကားကြောင့်၃ထပ်ကိုမမောမပန်းပြေးတက်ခဲ့ရ၏။ ဦး နေမကောင်းဘူး ဆိုရင် သူရင်နာရမှာလေ ။ အခုတော့ မနက် ၈နာရီထိုးနေတာ မထသေးဘဲစောင်ခြုံပြီး အိပ်နေ၏။ ဟိုတစ်ထည်ဒီတစ်ထည် ဖြစ်နေတဲ့ အင်္ကျီ၊ဘောင်း ဘီ ၊ ပုဆိုးနဲ့broxers တွေကို လျှော်ဖို့ ခြင်းထဲထည့်ပေးပြီး သောက်ထားတဲ့ beer ဗူးခွံ့၃ခုကို အမှိုက်တောင်းထဲထည့်လိုက် ၏။ အဲ့လိုတွေ သူလုပ်နေတာ တောင်မနိုးသေးတာမို့ ဥိးသင့်အလုပ်သွားရင် ဝတ်ဖို့ style pants နဲ့ ရှပ် လက်ရှည် ထုတ်ပေးထားလိုက်သည်။ ရာသီဥတု ပူတာမို့ suits တွေ မဝတ်ခိုင်းပါ ။ ဦးသင့် သက်တောင့်သက်သာ ရှိအောင်လို့ပါ ။ သူ့ကို ဘယ်လောက် ငေါက်ငေါက် သူချထားပေးတဲ့ အဝတ် အစားကတော့အမြဲဝတ်တတ်သည်။ broxers နဲ့ ခါးပတ် ပါ ချထားပေးလိုက်သည်။ ဦးသင့် နိုင်ငံခြားမှာ အမြဲနေတာမို့ ပုဆိုးထက် ဘောင်းဘီနဲ့ အရမ်းလိုက်ဖက်သည်။ ဘောင်းဘီဝတ်ထားရင် သူ့အ ရပ်အမောင်းကြီးနဲ့အရှိန်အဝါကြီးက ကြောက်စရာ ။
YOU ARE READING
Created by hate (Completed )
Roman d'amourမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ