Uni
"မမ !!ဘာတွေချက် "
"နိုးပြီလား "
"ဟုတ်
အမေနဲ့အဘ ကော ""ဟင်းစားသွားဝယ်တယ်
ဆိုင်ကယ်နဲ့ ထွက်သွားတာ
သူဌေးကော နိုးပြီလား ""နိုးသေးဘူး
သား ဘာလုပ်ကူရအုန်းမလဲ "ဦးသင့် မနက်လင်းခါနီးမှာရောက်လာတာမို့ အိပ်ပျော် နေတုန်းပါ ။ ဦးသင့် ရောက်ထဲက ပျော်လွန်းလို့အိပ်မပျော် ။ သူ့ကို ဖက်ပြီး အိပ်နေတာကြောင့် နှလုံး ခုန်နှုန်းတွေပါ ရပ်မတတ် ။ မနက်မလင်းခင်ဦးသင့် လက်တွေကို အသာ ဖယ်ပြီး မမဆီ လာကူနေတာ ။ မမကမနက်စာ အတွက် ဆပ်သားခြောက်မီးကင် ၊ လ္ဘက်နှပ်နဲ့ မြေပဲဆံကြော် ၊ ကြက် ဥ ကြော်နဲ့ ဂျူး ပဲပုတ်ထောင်း ၊ဆူကာ ညွှန့်သုပ်နေ၏။ သူလည်း အဘ ရဲ့ နှပ်ကော်ဖီတွေကို ဖျော်ကာ ဦးသင့် နိုးနေပြီအထင်နဲ့ ထသွားသည်။
"ဘယ်သွားနေတာလဲ "
"မမကိုကူနေတာ
ဦးနိုးပြီပေါ့ ""အင်း ခဏလာအုန်း
ဘာလို့ မမဆင့် စကားနားထောင်ပြီး တောင် ကြီး လိုက်သွားတာလဲ ""ဗျာ !!
ဦးက သွားခိုင်းတာတဲ့လေ "သင့် လည်း မမရဲ့အပြုအမူကို အတော်လေး စိတ်ကုန်သွားသည်။ ဘယ်လို ကြောင့်များ ဒီလိုတွေ လုပ်လည်း မသိပါ ။ မမနဲ့မေကြားထဲက ငယ်လေးက သနားစရာ ။
"နောက်တခါ ငါ့ပါးစပ်က ထွက်တဲ့ စကားမဟုတ်ရင် နားမထောင်နဲ့ "
"ဟုတ် "
"ငါရေချိုးမယ် "
"ဟုတ် "
ဦးသင့်ကတော့ ထုံးစံအတိုင်း ငေါက်ပါပြီ ။ သူလည်း ဦးသင့် ငေါက်တာ ရိုးတောင်နေပြီ။ ဦးသင့် ဘာပြောပြော စိတ်မဆိုးတတ်ပေမယ့် စိတ်မကောင်းတော့ဖြစ်မိသည်။သူကတော့ ထုံးစံအတိုင်း အိပ်ယာပေါ်က စောင်တွေကို ခေါက်သိမ်းကာ ပါးစပ်ကလည်း တတွတ်တွတ်ပြောနေမိသည်။
"ဘာတွေပြောနေတာလဲတစ်ယောက်ထဲ"
"ဘာမှမဟုတ်ပါဘူး "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ