Part 33 (Uni+Zawgyi)

565 24 7
                                    

Uni

"ငယ်​လေး!!! ရလား "

"ဟုတ်ဦး "

အိမ်တက် လုပ်ပြီး ၁ပတ်အကြာမှာ အ​​မေနဲ့ မမ ကို ရွာငံ လိုက်ပို့တာဖြစ်သည် ။ အ​မေက မလိုက် ပို့နဲ့ ​ပြော​ပေမယ့် စိတ်ဆိုး​နေတဲ့ အဘ ကို မဖြစ်မ​နေ သွား​တွေ့လိုက်သည် ။ အဘက သူဖုန်းဆက် တာ လုံးဝမကိုင်တာ မို့ ရင်ထဲမ​ကောင်း ။ အဘ ​ပြောလည်းခံမယ်ဆိုတဲ့ စိတ်နဲ့ အ​​မေ့ကိုလိုက်ပို့ လိုက်တာဖြစ်သည်။

"အ​မေ့ !!အဆင်​ပြေလား "

​"ပြေတယ် သားကြီး "

"ညီမ​လေး​ကော "

​"ပြေတယ်အကိုသင့်"

​ဒေါ်နန်း​အေးတင် တစ်လမ်းလုံး ​ခေါင်းကိုက်​နေ​တော့သည်။ က​လေး နှစ်​ယောက်ကို သနားတာ ။ သားသင့်က ငယ်​လေးကို အ​တော်​လေးချစ်တဲ့အပြင် အလိုလိုက်ထားတာပိုသ​ဘောကျသည်။ သူ့ကိုလည်းအ​မေအရင်း တစ်​ယောက်လို အစစ အရာရာ ဂရုစိုက်တာမို့ သူလည်း သ​ဘော ကျမိသည်။ သူ့သား​လေး အ​ပေါ် မြတ်မြတ်နိုးနိုး တန်ဖိုးထားတာ ​လေးကို သ​ဘော အကျဆုံးပါ ။

"အဘ !!!!"

​"အေး သားငယ်​လေး
လာကွာ "

ဦးစိုင်းအောင်ထီးအိမ်မှာ တစ်​ယောက်ထဲအထီး ကျန်​နေချိန် တွင် ​မောင်သင့်ကား ခြံထဲဝင်လာ ၏။ သူ့မိန်းမနဲ့ သမီးကလည်းကား​ပေါ်က ဆင်းလာပြီး သူ့မျက်နှာကို မဝံမရဲကြည့်​​နေ၏။ မိန်းမ စိတ်ချမ်းသာ​အောင်ငယ်​လေး ကို မိန်းမ သ​ဘောအတိုင်းထားလိုက်တာ မှားသွားပါပြီ။ သူအတန် တန် ​ပြောတဲ့ကြားက ​မောင်သင့် အိမ်​ပေါ် ပါလာသည်။ သူ့သား​လေးက​တော့ မ​တွေ့ရတာ ကြာတာမို့ သူ့ကို နမ်း​နေ​တော့သည်။ သူလည်း မျက် ရည်မကျမိ​အောင် အ​တော်​လေး ထိမ်းထားရသည်။

"အဘ ​နေ​ကောင်းတယ်​နော် " (သင့်)

"အင်း " (အဘ)

"လာ ငယ်​လေး အဘ ကို ကန်​တော့ရ​အောင် " (သင့်)

"မလိုဘူး ​မောင်သင့် " (အဘ)

"ကိုထီးခမ်း " (အ​မေ)

"မယ်​အေး​တော်​တော့ " (အဘ)

"အ​ဘ !!!" (မမ)

ပြသနာ အကြီးအကျယ်တက်ပါ​တော့ သည်။ သင့်လည်း အ​တော်စိတ်မ​ကောင်း ဖြစ်သွားသည်။ ငယ်​လေးလည်းငိုသလို အ​မေလည်း ငို​နေပါသည်။ အဘ က သူတို့နှစ်​ယောက်ကန်​တော့တာ လုံးဝလက်မခံ။ အရင်ကဆို အဘ က သူ့အ​ပေါ် သိပ်​ကောင်းတာပါ ။ ငယ်​​လေး မရှိဘဲ ရွာငံမှာ ၂နှစ် လာ​နေတဲ့အချိန်ကဆို သူ့ကို သားတစ်​ယောက်လို ​ဖေးမခဲ့သည်။ အစစအရာရာ ကူညီခဲ့၏။

Created by hate (Completed )Where stories live. Discover now