Uni
"ငယ်လေးရေ !!!"
"ဗျာ အမေ "
"ပန်းနုရောင် ကော်ဖီခြံကို ထမင်းချိုင့်သွားပို့ပေးအုန်း"
အမြုတေရွာငံရောက်တာ ၅ရက်လောက်ရှိပါပြီ။ ဦးသင့်ကိုလည်း မဆက်သွယ်မိသလို။ ဘယ်သူမှလည်း မဆက်သွယ်မိပါ ။ အဘ ကို ဆေးရုံစောင့်ပေးနေရသည်။ အဘ က ကျန်းကျန်းမာမာ နဲ့ မနေ့က ဆေးရုံဆင်းလာတာမို့ သူလည်း အား လပ်နေသည်။ မစီးတာကြာပြီဖြစ်တဲ့ဆိုင်ကယ်လည်း ကို စက်နိုးရင်း ပန်းနုရောင် ကော်ဖီခြံဘယ်မှာ ရှိလည်း အမေ့ကိုမေးရသည်။
"အဘ!!! နေလို့အဆင်ပြေလား "
"ပြေတာပေါ့ကွာ
ကောင်းသွားပါပြီ
ငယ်လေးက ဒီလောက် ဂရုစိုက်တာ ""ဟုတ်အဘ
မမကော ဘယ်သွားလည်း ""သမီးက ပင်းတယစျေးသွားတယ်
ခွန်ဝမ်းတို့ မောင်နှမနဲ့ ""အိမ်သုံးပစ္စည်း တွေ ရှိတာကို မမက ဘာလို့ စျေးလိုက်တာလဲ"
"ဧည့်သည် ပြန်ရောက်လာလို့ "(အမေ)
အမြုတေ အမေပြောတာကို နားမလည်ပါ ။ မြို့အထွက်က ပန်းနုရောင် ခြံကို ဦးတည်ပြီး မောင်းလိုက်သည်။ ၅ဆင့်ချိုင့်ကိုင်ကာ ထိမ်းမောင်းနေရတာမို့ သတိ ထားရသည်။ သူတို့ ကော်ဖီ ခြံနဲ့ကပ်ရပ်မို့အလွယ်တကူ ရှာတွေ့ပါပြီ။ ရွာငံလမ်း မကြီး ဘေးမှာ တစ်ထပ်တိုက်ပန်းရောင်လေး က အတော်လှသည်။ ကားဂိုထောင် လေးပါ ပန်းရောင်သုတ်ထားပြီးတိုက်ရှေ့မှာလည်း နှင်းဆီပန်းရောင်ခင်းကြီးကို လမ်းကနေတောင် မြင်ရသည်။ ခြံဝန်းတစ်ခုလုံး ပန်းရောင်ဆေး သုတ်ထားတာ မို့ သူ့အတွက်တော့ အတော်သဘောကျမိသည်။ ပိုင်ရှင်ဘယ်သူမှန်းမသိပေမယ့် သော့မခတ်ထားတဲ့ ခြံကို တွန်းဝင် လိုက်သည်။ တိုက်ထဲလှမ်းကြည့်တော့လည်း လူ အရိပ်အရောင်ပင်မတွေ့ရတာ မို့ တိုက်ထဲဝင်ကာ ထမင်းချိုင့်ချပြီး ပြန်ထွက်မယ်အလုပ် အိပ်ခန်းထံက ငြီးသံကားရသည်။
"ဟင်းး..အင်းးး....အမေ့ "
"အမ် !!!ဦးပါလား "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ