Part 29 (Uni+Zawgyi)

760 31 10
                                    

Uni

"ဦး !!!"

​"ပြော​လေ ငယ်​လေး "

"ဒီအပတ် ​ပုသိမ် သွားရမယ် ​နော် "

"ဟုတ်လား "

​"အေး​လေ မသိဘူး​ပေါ့"

"သိပါတယ်ဗျာ
စတာ မိန်းမကို ပြွတ်စ် !!!"

ပုသိမ်မှာ ဆိုင်ခွဲအသစ်ဖွင့်ဖို့အတွက် သွားစီစဥ်ရမှာပဲဖြစ်သည်။ အခုဆို သူ့ကိစ္စ ​တွေ အကုန်လုံး အရမ်း​တော်တဲ့ PA ​လေးကြောင့်စိတ်ချမ်းချမ်း သာသာ လုပ်​နေနိုင်၏။သူ့ PA ​လေး က ​တော့ သူ့အတွက် မရှိမဖြစ်​​လေးပါ ။ ဒီ​နေ့လည်း ပိတ်ရက်ကို တက်ကြွ စွာ အ​စောကြီးထပြီး အလုပ်လုပ်​နေ၏။

"ငယ်​လေး!!!
ဘာ​တွေ အလုပ်များ "

"သားသင်တန်း​​လေ "

"အာာ sorry ဦး ​ရေချိုးလိုက်အုန်းမယ်"

"ရတယ် သား တစ်​ယောက်ထဲဘဲသွားလိုက်မယ် "

"မရပါဘူး ခဏ​စောင့် "

အမြု​တေ က MBA တက်​နေတာမို့ သင့်လည်း က​လေး အ​ဖေ တစ်​ယောက်လို ​ကျောင်းအကြို ၊ အပို့ လုပ်​နေရသည်။ SHT ဆိုင်အတွက် လိုအပ်တာ မို့ သူက အတင်းတက်တာကို ဦးက ခွင့်မပြုချင်ပါ ။ စ​နေ၊ တနင်္ဂ​နွေ ပိတ်ရက် ​လေး ကိုသူ့မှာ မနည်း​ပြောပြီးတက်ရသည်။

"အမ် !!!ဒီကားက ဆီလည်း မရှိ​တော့ဘူး
ငယ်​လေး ပိုက်ဆံ "

"ဦးက​လေ
သားမပါရင်
ပိုက်ဆံ ဘယ်လိုလုပ်မလဲ
နည်းနည်း​တော့ ​ဆောင်ထား​လေ"

"မလိုဘူး
ပိုက်ဆံဆိုတာ မိန်းမ ကိုင်ရတာ"

သင့်လည်း ပိုက်ဆံကိုင်တာ ဝါသနာ မပါ ။ ပိုက် ဆံနဲ့ပါတ်သက်တာ​တွေအားလုံး ငယ်​လေးကိုသာ လွှဲထားသည်။ ငယ်​လေးကလည်း SHT ရဲ့ ​ငွေ အဝင်အ ထွက်ကို နု​လေးယဥ်နဲ့အတူ စနစ်တကျ လုပ်တတ်သည်။ သူလက်ထဲမှာ​တော့ ဘာပိုက်ဆံမှမရှိ။ အခုလည်း ကားဆီပြတ်သွားလို့ဆီဆိုင် ​ရောက်လာတာ ငယ်​လေးပါလို့သာ ။

​"ည​နေ သင်တန်းပြီးရင် ဖုန်း​ခေါ်လိုက်မယ် "

"လွမ်း​နေ​တော့မှာ
နမ်းအုန်း"

"ပြွတ်စ်!!!"

ငယ်​လေး သင်တန်း ရှိရာ သို့အမြန်သွားရသည်။​နောက်ကျ​နေပြီ​လေ ။ ဦးကို ကူချင်လို့ MBA တက်​ပေမယ့် သူအ​​တော်ကြိုးစားရသည်။ စာ​တွေများတာကတစ်​​ကြောင်း ၊ ဦးကို စိတ်မချတာကတစ်​ကြောင်း ပါ ။ သူမရှိရင် ဘာမှမလုပ်၊ ဘာမှမစား​တော့တာမို့ပါ ။ ဦးကသူ့အတွက် က​လေးဆိုးကြီး ။

Created by hate (Completed )Where stories live. Discover now