Uni
"သင့်ဘယ်သွားလဲ ရှမ်းလေး "(ဆင့်)
"ဦးအုပ်စိုးနဲ့ ထွက်သွားပါတယ် မမဆင့်"(ငယ်လေး)
"အိမ်ကိုတောင် ပြန်မအိပ် နိုင်အောင် အလုပ်များနေတာပေါ့ "(ဆင့်)
"မမရယ်
မြှောက်ပေးတဲ့သူကလည်းရှိတယ်လေ "(မေ)"အေး အဲ့ဒါတော့ ဟုတ်တယ် "(ဆင့်)
"ကိုသင့်လည်း မွှန်နေပြီ "(မေ)
"ဒီမယ် ရှမ်းလေး ငါပြောစရာ ရှိတယ်
မင်းနဲ့တင့်အကြောင်းအားလုံး ငါသိတယ် ငါမပြောချင်လို့ လွှတ်ထားတာ "(ဆင့်)"ဗျာ !!!!!"(ငယ်လေး)
မမဆင့် စကားကြောင့်ငယ်လေး ပျာယာ ခတ်သွားရသည်။ မမတင့်နဲ့ သူနဲ့ကြား မှာ ရှိခဲ့တဲ့ကိစ္စ တွေကဦးသိလို့မဖြစ်ပါ။ ဦးသိရင်သူ့ကို မုန်းသွားမှာ သေချာသည်။ မမဆင့်က သိပ်သွေးအေးသည်။သူ့သိနေတာတောင် မပြောဘဲ ထားတယ်ဆိုတော့ အရမ်းကြောက်မိသွားတာ ငယ်လေး ။
"စိတ်ပျက်ဖို့ကောင်းလိုက်တာ စိုင်းအမြုတေ
မင်းက ယောကျာ်းဖြစ်ပြီး မမတင့်နဲ့ ပါတ်သက်ရင်တော်ပြီပေါ့
ကိုသင့်ကို ထပ်မြုဆွယ်တာတော့များတယ်"(မေ)"မင်းဘာပြောချင်သေးလဲ "(ဆင့်,)
"သားပြောစရာ စကားမရှိပါဘူး မမရယ်"(ငယ်လေး)
သူ့အကွက်ထဲ ဝင်လာတဲ့ ရှမ်းလေး စကားကို လိုက်ပြီး ဆက်ပြောလိုက်သည်။ တကယ်ဆို တင့်နဲ့ ရှမ်းလေး ဘာကိစ္စဖြဖြစ်ခဲ့မှန်းသူမသိပါ ။ စီးပွားရေးနောက် လိုက်နေရတာမို့ ဘာကိစ္စမှ သူမသိပါ ။ တင့်ကလည်း သူ့အကြောင်းကိုအမဖြစ်သူကိုတောင် ဘာမှ မပြောပါ ။ မိတဆိုးလေး ဆိုတော့ အတော်ဆိုး သည်။ စီးပွားရှာတာ တော်တာမို့ တင့်ကို သူလည်း ဘာမှမပြောတာ ပါ ။ တင့်လက်ထက်မှာ ရွှေတွင်းတွေကဝယ်တိုင်းအောင်တာမို့ သူဘာလုပ်လုပ် ခွင့်ပြုထားတာ ။ အခု ရှမ်းလေးနဲ့ ပြောပြီးမှ တင့်နဲ့ပါတ်သက်တာ တစ် ခုခု ရှိနေပြီဆိုတာ သူသိလိုက်သည်။
"အေး မင်းပြောစရာ မရှိရင် ငါပြောမယ်
လကုန်ရင် အလုပ်ထွက်
ငါ့မောင် သင့်နဲ့အဝေးဆုံးနေ
တင့်လည်း မင်းကြောင့်သေပြီးပြီ
သင့်ကိုတော့ ချမ်းသာပေး
လစာ ၃လစာ ထုတ်သွား "
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ