ယုံးလျဲ့ တိုင်းပြည်။
မြောက်ပိုင်းအေးခဲဒေသကိုနန်းမြို့တော်တည်ပြီးတိုင်းပြည်ကြီးတစ်ပြည်ရှိသည် ယုံးလျဲ့။
ယုံးလျဲ့တိုင်းပြည်ဟာ အတော့်ကိုကျယ်ဝန်းပြီး အာဏာစက်ကြီးမားသည့်ဝမ်မျိုးရိုးတွေကအုပ်ချုပ်သည်။ ခေတ်အဆက်ဆက်ပြည်တွင်းမှာ သူပုန်တွေ၊ နန်းလုသည့်သူတွေပေါ်ထွက်လာပေမဲ့ ဝမ်တော်ဝင်မျိုးနွယ်တွေဟာ ဉာဏ်ပညာထက်မြက်တာရော၊ခွန်အားဗလပြည့်စုံတာရော၊ ဘုန်းတန်ခိုးအာဏာကြီးမားတာကြောင့်ရော အကြိမ်ကြိမ်လုပ်ကြံသူတွေမအောင်မြင်ခဲ့။
ဒီလိုနဲ့ ဝမ်မင်းဆက်၇ဆက်မြောက်ခဲ့သည်။ယခုဝမ်မင်းကြီးဝမ်စန်းရိချောင် လက်ထက်မှာတော့ အုပ်ချုပ်မှုပုံစံဟာအနည်းငယ်ကသောင်းကနင်းနိုင်လာသည်။ ဘုရင့်မှာ မိဖုရား၁၁ပါးရှိသလို သားတော် ၁၃ပါးရှိသည်။ ဘုရင့်ထက်အာဏာကြီးမားတဲ့မိဖုရားခေါင်ကြီးက နန်းရေးပြည်ရေးကိုချုပ်က်ိုင်ထားပြီး အရာရာသူ့စိတ်တိုင်းကျချယ်လှည်သည်။ ဝမ်မင်းကြီးဟာ ဒါကိုဘာမှမတတ်နိုင်ပဲ လက်ခံနေရသည်။
ဘုရင့်သားတော် ၁၃ပါးတောင်ရှိပေမဲ့ အိမ်ရှေ့စံနေရာမှာတော့လစ်လပ်နေဆဲဖြစ်သည်။
ဝမ်မိဖုရားကြီးကသူ့သားတော်၃ပါးထဲက သားတော်ကြီးကို အိမ်ရှေ့စံအရာပေးချင်ပေမဲ့ ဝမ်မင်းကြီးဟာ သူနတ်ရွာစံမှ အမိန့်စာနဲ့ရွေးမယ်လို့ ပြောထားတာကြောင့်ကြိတ်မနိုင်ခဲမရဖြစ်နေရသည်။သားတော်၁၃ပါးလုံးကဉာဏ်ပညာခွန်းအားနဲ့ပြည့်စုံပေမဲ့ ဝမ်မင်းကြီးကတော့ စိတ်ထားကောင်းပြီး အရာရာငဲ့ညှာသနားတတ်လွန်းသည့် သူ့သားတော်၈ကို နန်းမွေနန်းလျာပေးဖို့ ဆန္ဒရှိသည်။ ဒါကိုဝမ်မိဖုရားကြီးမရိပ်အောင်လည်း တိတ်တဆိတ်စီမံထားရသည်။
သူ့တုန်းကမိန်းမတစ်ယောက်ချုပ်ကိုင်လို့ တိုင်းရေးပြည်ရေး ကသောင်းကနင်းဖြစ်ခဲ့ရသည်။ နောက်တက်မည့်ဘုရင်ကိုပါ ဝမိမိဖုရားကြီးချုပ်ကိုင်ဖို့အခွင့်အရေးပေးလို့မဖြစ်ပါချေ။ဝမ်မင်းသား၈ ဟာဝမ်မင်းကြီးရဲ့ကြင်ယာတော်တစ်ပါးရဲ့သားတော်သာဖြစ်သည်။ မွေးပြီးပြီးမီးတွင်းထဲမှာ မယ်တော်ဖြစ်သူတိမ်းပါးသွားပြီး ကြင်ယာတော်ငယ်တစ်ပါးကသူ့သားငယ်နဲ့အတူ နို့တိုက်ပြီးမွေးခဲ့သည်။
ဝမ်မင်းသား၈ဟာ တိုက်ရေးခိုက်ရေးမှာလည်း အစ်ကိုတော်တွေထက် ထူးပြီးမတော်နေဘူး။ စာပေကျမ်းဂန်နေရာမှာလည်း အမှီလိုက်နိုင်ရုံအဆင့်သာရှိသည့် ရိုးရိုးသာမာန်မင်းသားငယ်တစ်ပါးဖြစ်သည်။ သိုပေမဲ့
သူရဲ့စိတ်နှလုံးသားက မောက်မာခြင်းမရှိ၊ နိုင့်ထက်စီးနင်းလုပ်လိုခြင်းမရှိ။ အမှန်တရားကိုမြတ်နိုးပြီး ဖြောင့်မတ်တဲ့စိတ်ထားရှိသည်။ ဒါကိုပင် ဝမ်မင်းကြီးဟာသဘောကျတော်မူသည်။
သူ့ကို ဖခမည်းတော်က နောက်တက်မည့်ဘုရင်အလောင်းအလျာဖြစ် လျာထားမှန်းမသိပုံမပေါ်ပေ။