မြင်းခွာသံကြားတာကြောင့်ရိပေါ်မျက်ခွံတွေဆတ်ခနဲဖြစ်သွားရသည်။ ဖြတ်ခနဲဖွင့်လိုက်တဲ့မျက်လုံးတွေကသူတို့မင်္ဂလာဦးညအတွက်ပြင်ပေးထားတဲ့ဇာခြင်ထောင်အနီရောင်ကိုမြင်ရသည်။ ဟုတ်သား။ မနေ့ကသူနဲ့ရှောင်းရဲ့မင်္ဂလာဦးညပဲ။
ကိုယ်ကိုတစ်ချက်းစောင်းလိုက်တော့ သူ့လက်မောင်းပေါ်အိပ်ပျော်နေသည့်ရှောင်းကိုတွေ့သည်။ စောင်ခြုံထားလို့အပေါ်ပိုင်းပေါ်လွင်နေသည့်ပုခုံးနုနုမှာ သူ့ပေးထားသည့်အမှတ်သားတွေကအထင်းသား။ နှုတ်ခမ်းလေးဆိုသည်မှာလည်း သူ့ဒဏ်ကြောင့်ဖူးယောင်နေသည်။
. သူရှောင်းကိုယ်လေးကိုအသည်းယားစွာတစ်ချက်ဖြစ်ညစ်လိုက်ပြီး ရှောင်းကျန့်ခေါင်းလေးကိုလက်မောင်းပေါ်ကနေရာလွှဲပေးလိုက်ကာ အိပ်ရာထက်ကထလာခဲ့သည်။
သူအပြင်ကိုထွက်လာတော့ ဟောက်ရွှမ်းနဲ့ကျန်းချန်ကရပ်ကာစကားပြောနေရင်းမှလှည့်ကြည့်လာ၏။
မင်းသားခြောက်နဲ့ဆက်သွယ်လို့ရရင်သူ့နောက်လိုက်ခဲ့ပါလို့ဟောက်ရွှမ်းကိုသူမှာထားတာ အခုသူ့ဆီလိုက်လာပုံထောက်တော့မင်းသားခြောက်နဲ့အဆက်အသွယ်ရပြီထင်ရဲ့။"အရှင့်သား...."
"အင်း အဆက်အသွယ်ရသွားပြီလား...."
"ဟုတ်ကဲ့ နယ်စပ်ဘက်ကသူပုန်တပ်ရင်းမှာခြေကုပ်ယူထားကြောင်းသိရပါမယ်။ မင်းသားခြောက်ကအရှင့်သားလာပူးပေါင်းမယ်ဆိုတာကြားတော့လဲ ဝမ်းသာစွာလက်ခံကြောင်းပြန်ပြောခိုင်းလိုက်ပါတယ်...အဲ့တာကျွန်တော်တို့ဒီကနေပဲနယ်စပ်ကိုသွားရောက်သွားသင့်ပါတယ်အရှင့်သား"
"အင်း...."
သူ့စိတ်တွေလေးသွားတာကရှောင်းကြောင့်။ သူရှောင်းကိုဘယ်လိုပြောပြရမလဲ။
"အရှင့်သား နောက်သတင်းတစ်ခုလည်းရှိပါသေးတယ်..."
"ဘာများလဲ...."
"အရှင်သတိရလာပါပြီတဲ့အရှင့်သား..."
"ဘယ်လို!....ခမည်းတော်သတိရလာပြီလား."