"ရှောင်းကျန့်!!!"
ခေါ်သံမာမာမှာ သူ့ကိုယ်လေးဆတ်ခနဲတုန်သည်။ သူ့ဘေးပတ်ပတ်လည်နေရာကုန်ဟာ ပိန်းပိန်းမှောင်နေတာကြောင့် အသံရဲ့လားရာကိုသူကောင်းစွာ ခန့်မှန်းမိနေသည်။
သူ့အနောက်ကပဲ...။ဒါပေမဲ့ လှည့်မကြည့်ရဲ..။
အလင်းရောင်ဟာသူ့နောက်ကျောကနေ တံခါးဖွင့်လိုက်သည့် အတိုင်းမှောင်မဲနေသည့်ကြမ်းပြင်ပေါ် လေးထောင့်ကျကျနဲ့ကျရောက်လာသည်။ အမှောင်ထဲမှာအလင်းကိုတွေ့လိုက်ပေမဲ့ သူမပျော်ရဲ။ အဲ့အစား ဒူးလေးတွေထောင်ပြီးထ်ိုင်နေသည့် ဒူးခေါင်းလေးတွေကိုသာလက်နဲ့ပ်ိုက်ကာ ထိုဒူးခေါင်းတွေပေါ်ကိုမျက်နှာမှောက်ချလိုက်သည်။
ခြေသံပြင်းပြင်းဟာ သူ့အနားလျှောက်လာသည်။ ခြေသံနီးလာလေရှောင်းကျန့်ကပိုကြောက်လာလေ။ ဆောက်တည်ရာမရစွာ သူတဆတ်ဆတ်တုန်နေပေမဲ့ အသံမထွက်ရဲ။
ခြေသံပြင်းပြင်းနဲ့အတူ ကြမ်းပြင်ပေါ်တရွတ်ဆွဲလာသည့် အရာတစ်ခုရဲ့အသံကိုပါကြားလိုက်ရတော့ သူဒီအတိုင်းဆက်မထိုင်ရဲတော့။
အလင်းကြောင့်မြင်နေရတဲ့နံရံနားဆီတွားသွားကာပြေးကပ်လိုက်မိရင်း ပါးစပ်ကလဲတတွတ်တွတ်တောင်းပန်မိသည်။"သခင်ကြီး..သားမှားပါတယ်...အိီးဟီး.သားကိုမရိုက်ပါနဲ့နော်...!"
"လာစမ်း.."
အကြမ်းပတမ်းဆောင့်ဆွဲလိုက်တာကြောင့် နံရံကနေသူကွာသွားပြီး ကြမ်းပြင်ပေါ်ပစ်စလတ်ခတ်ပြုတ်ကျသည်။ ထိုအခိုက်မှာ အရှိန်ပြင်းပြင်းကန်ခံလိုက်ရတဲ့ဝမ်းဗိုက်တစ်နေရာကြောင့်သူရုတ်တရက်အသက်တောင်မရှုနိုင်တော့။
မအော်နိုင်တော့လောက်အောင် နာကျင်သွားရတာကြောင့် ကိုယ်လေးကိုခပ်ကွေးကွေးလုပ်လိုက်တော့ သူ့တစ်ကိုယ်လုံးပေါ်ကျရောက်လာတဲ့ ကြာပွတ်ရာတွေ။"အား!!. သခင်ကြီး မရိုက်ပါနဲ့...အီးဟီး.."
"မင်းကြောင့်..!!.မင်းကြောင့် ဖြစ်ရတာ..
မင်းကလေ တကယ့်ကိုဂျိုဆိုးကောင်.."