ချစ်ရသည့်အရသာသည် နွေဦးမှာလေပြေအေးလေးတိုက်ခတ်သွားသလို..အေးမြတဲ့ဆောင်းမနက်ခင်းမှာ နေရောင်ခြည်နွေးနွေးဖြာကျသလိုအရာအားလုံးကိုလှပစေသည်။
ချစ်နေရတာအရသာရှိသည်။ ချစ်ရတဲ့သူကရှောင်းဆိုတော့ပိုသည်။ ရိပေါ်အတွက်အခုမှပထမဆုံးအကြိမ်ချစ်ဖူးတာပေမဲ့ ရှောင်းဖြစ်နေသည့်အတွက် သူ့ရဲ့ချစ်ခြင်းဟာလှပနေသည်။တစ်အိမ်ထဲနေသည့်သူတို့နှစ်ယောက်,ချစ်သူတွေဖြစ်သွားကြပြီးနောက်ရိပေါ်က ကဲသည်။
မနက်မိုးလင်းလာရင်မီးဖိုချောင်ထဲမှာချက်ပြုတ်နေသည့်ရှောင်းရဲ့ခါးကိုဖတ်ပြီးချွဲသည်။ ရှောင်းကမနေတတ်သည့်အခါ တဟားဟားအော်ရယ်ပြီး အသက်ရှုရပ်မတတ်အနမ်းတွေလဲပေးတတ်သေးသည်။
ထိုအခါမျိုးဆိုရင်တော့ကျန်းချန်အတွက်မသိချင်ယောင်ဆောင်ပေးရတဲ့အလုပ်ပိုလာသည်။ ထိုအတွဲကဲသဲမှုကြောင့် တစ်ခါတစ်လေဆိုကျန်းချန်အိမ်ပြေးပြန်ချင်စိတ်တွေတဖွားဖွားပေါ်လာသည်အထိ။ချစ်သူတွေဖြစ်သွားပြီးနောက် ရိပေါ်ကလူကပ်တဲ့ကောင်လေးဆိုတာပိုသိလာသည်။ အမြဲရှောင်းကျန့်နောက်,တကောက်ကောက်လိုက်နေတတ်ပြီး ပွစိပွစိနဲ့တစ်ခုမဟုတ်တစ်ခုပြောနေတတ်သည်။ ရှောင်းကျန့်မီးဖိုချောင်ထဲသွားလဲသူပါသည်။ ဆေးကြိတ်နေလဲသူပါသည်။ ဆေးကြိုနေလဲသူပါသည်။ ရေချိုးလဲသူပါသည်။ ယုတ်ယွအဆုံးအိမ်သာတက်ရင်တောင်မှ စိတ်ဖြောင့်ဖြောင့်မတတ်ရအောင်ရိပေါ်ဟာ အိမ်သာရှေ့ရစ်သီရစ်သီ။
ဒါဟာအိမ်မှာနေတဲ့အချိန်တွေဖြစ်ပြီး ရိပေါ်လမ်းသွားခင်းတဲ့အချိန်များကြတော့ ထမင်းတောင်းလာပို့သည့်ရှောင်းကိုအိမ်မပြန်ခိုင်းတော့ပဲ သူနဲ့အတူတစ်နေကုန်နေစေပြီးမှ အိမ်ကိုတူတူပြန်သည်။
အခုလည်း ရိပေါ်နဲ့အတူလမ်းခင်းရာကနေပြန်လာပြီးမှ ရှောင်းကျန့်ရေချိုးဖို့ပြင်ရသည်။ ရိပေါ်ကတော့ထုံစံအတိုင်းရှောင်းနောက်တကောက်ကောက်လိုက်လို့။"ဒါကဘာကြီးလဲ...."
"ခေါင်းလျှော်ရည်လေ..တရော်ကင်ပွန်းခေါင်းလျှော်ရည်လို့ခေါ်တယ်"