အားလုံးပဲ😭 စိတ်ရှည်ပေးကြပါလို့...။
ဒါလေးက Noteဆိုတာထက် စောင်းရဲ့မေတ္တာရပ်ခံလွှာပါ။
1. ရှောင်းသမားတော်လေးကအမြောင်ဇာတ်ကောင်လား?
လုံးဝ(လုံးဝ)မဟုတ်ပါဘူးနော်။ ဇာတ်လှအောင်ထည့်ထားတာလည်းမဟုတ်ဘူး။ အခုပုလဲလုံးလေးရဲ့အခန်းကဏ္ဍန်တစ်ဖြတ်ရောက်နေတာကြောင့် သူ့ကိုအသားပေးသလိုဖြစ်နေမှာပေမယ့် သမားတော်လေးရဲ့အခန်းရောက်ရင် ရှင်လေးလို့ ပုလဲလုံးလေးရေးပေးပါဦးဆိုတာတောင် စောင်းရေးပေးမှာမဟုတ်ပါဘူး။
(စောင်းကသူ့teamပေမဲ့ တဖတ်သတ်အလေးပေးတာမျိုးမလုပ်ဘူးလို့ပြောထားတာကြောင့် ဒီကစောင်းကိုယုံလိုက်ပါလို့ ထပ်လောင်းပြောပါရစေ..)
2. ဝမ်ရိပေါ်
သူကစာဖတ်သူတို့ရှင်းရှင်းလင်းလင်းသိပြီးလောက်တဲ့အတိုင်း ပုလဲလုံးပေါက်စကိုချစ်တာမှန်ပါတယ်..။
ဒါပေမဲ့ ဝမ်ရိပေါ်ကနားလည်ရခက်ပြီး ကြိုတင်
ခန့်မှန်းရခက်တဲ့ဇာတ်ကောင်မို့ ဘယ်လိုအကွက်ရွေ့ဦးမလဲဆိုတာ သဲလေးတို့ခဏစောင့်ကြည့်ပေးကြပါ။ 3. ပုလဲလုံးလေး
သူ့ရဲ့ကာရိုက်တာကအခုထိအလုံးစုံမပေါ်သေးပါဘူး ။ သူ့ကာရိုက်တာအလုံးစုံဖော်ပြီးသွားရင်လည်း သူ့အခန်းကပြီးပြီရယ်။
သူကလုယူတာတွေ ယုတ်မာတာတွေဝါသနာမပါတာမို့ သူ့ကိုလည်း စောင့်ကြည့်ပေးကြပါလို့။
(ရှောင်းကျန့်လေးတို့၂ယောက်လုံးက စိတ်ယုတ်စိတ်မာတွေမရှိကြတာမို့ သူတို့နှစ်ယောက်လုံးဇာတ်ပြိုင်ထွက်လာရင် ပွဲအတော်လှမှာပါ)4. သမားတော်လေး
ဝမ်ရိပေါ်ကြီးကသူ့အချစ်ဦးဖြစ်ပြီး ရူးအောင်ချစ်တဲ့ကလေးပေါက်စပါရှင်..။
သူကဝမ်ရိပေါ်ကြီးကသူ့ကိုသတ်တယ်ထင်ပြီးမုန်းနေခဲ့တာပါ။ မသတ်ချင်ခဲ့ဘူးဆိုတာသာသိရင် အခြေအနေကတစ်မျိုးပြောင်းသွားနိုင်ပါတယ်လို့...။(အရိပ်အမြွက်ပြခဲ့တာနော် 😭)
5. TEC
ဒီ Fiction ထဲမှာ MCကဝမ်ရိပေါ်ပါ။ အရာရာကသူ့အပေါ်ကိုမူတည်နေတာကြောင့် ဝမ်ရိပေါ်ရဲ့စိတ်ကိုပဲတစ်ချက်မှမလွတ်အောင်ဖမ်းနိုင်ရင် Endingကိုသဲတို့ကြိုတင်ခန့်မှန်းလို့ရပါတယ်လို့..။