ဒဏ်ရာတွေနဲ့ ဝမ်ရိပေါ်တို့ဟာသမားတော်လေးရှောင်းကျန့်ရဲ့ အိမ်မှာသောင်တင်နေလေသည်။ သမားတော်ကသဘောကောင်းစွာ သူတို့ကိုအသက်ကယ်ပေးသည့်အပြင် အိမ်ပေါ်ပါခေါ်တင်ထားခဲ့သည်။
သည်လိုဆိုတော့ ကျန်းချန်ကရှောင်းကျန့်ရဲ့ဆေးဖော်ရာမှာကူညီပေးသည်။ ရိပေါ်ကတော့ဒဏ်ရာမပျောက်သေးလို့ အိမ်စောင့်လျက်သာရှိသည်။
အခုလည်းရိပေါ်က ရှောင်းကျန့်အိမ်လေးရှေ့က ကွပ်ပျစ်မှာထိုင်လျက်နဲ့ ဆေးမြစ်သွားဖော်သည့် ရှောင်းကျန့်နဲ့ကျန်းချန်ကိုမျှော်နေသည်။ သူ့ဒဏ်ရာတွေက သက်သာစပြုပေမဲ့ အရှင်းမပျောက်သေးတာကြောင့် သူ့ကို လှုပ်လှုပ်ရှားရှားမပြုခိုင်းကြ။ ဒါကြောင့်သူ့မှာလူပိုကြီးလို အိမ်စောင့်နေရသည်။
သူ့စိတ်အရဆို ဒီလိုမျိုးကြီးထိုင်မနေချင်တော့။ သူလည်း တောထဲသွားပြီး ဆေးမြစ်တွေရှာတဲ့နေရာမှာ ကူညီပေးချင်လှပြီ။
သူမြန်မြန်သက်သာမှဖြစ်ပေမည်။ရှောင်းကျန့်က တောထဲမှာဆေးမြစ်တွေရှာပြီးဆေးဖော်ကာ သူကုသရာမှာသုံးသလို၊ မြို့စျေးလေးမှာလည်း တစ်လတစ်ခါသွားရောင်းသည်လို့ ကျန်းချန်ကပြောပြဖူးသည်။
ဒါဆို ရိပေါ်နဲ့တွေ့ခဲ့တုန်းက ဆေးတွေလာရောင်းတုန်းကဖြစ်ပုံပေါ်သည်။
အဲ့တုန်းကအဖြူရောင်ဝတ်စုံလေးနဲ့ရှောင်းကျန့်ရဲ့ပုံရိပ်လေးကအခုချိန်ထိ သူ့မျက်စိထဲကမထွက်။ သူအဲ့အဖြူရောင်လေးနဲ့ကိုပိုသဘောကျရသည်။ သိပ်လှတဲ့ကောင်လေးကအရောင်ဖျော့လေးတွေနဲ့ပိုပြီး လိုက်ဖတ်သလိုလည်းခံစားရသည်။ဒါပေမဲ့ သူသတိရတာ ၃ရက်ရှိနေပြီ။
ရှောင်းကျန့်က ခဲရောင်နှင့်အနက်ရောင်သာ ဝတ်နေသည်မို့ အဖြူရောင်လေးနှင့်မြင်ချင်စိတ်ကို သူချိုးနှိမ်ထားရသည်။"ဝမ်ရိပေါ်.....အိမ်ထဲဝင်မနေဘူးလား?
အပြင်မှာလေစိမ်းတွေတိုက်နေတာကို ကိုယ့်ကျန်းမာရေးကိုယ်ကရုစိုက်လေ..."