Chapter 5

419 29 4
                                    

​ရှောင်းသမား​တော်​လေးရဲ့အိမ်မှာ တည်းခိုရင်း ရက်သတ္တတစ်ပတ်ကြာလာတဲ့အခါ ရိ​ပေါ်ရဲ့ဒဏ်ရာ​တွေဟာ အ​တော့်ကိုသက်သာစပြုလာသည်။ ဒဏ်ရာ အနက်​ကြီး​တွေကို အမာရွတ်အနည်းငယ်သာကျန်​စေသည်အထိ ​ရှောင်းကျန့်ရဲ့​ဆေးပညာကထက်မြတ်သည်။

ဒဏ်ရာ​တွေ​ပျောက်ကင်းသွား​ပေမဲ့ ရိ​ပေါ်တို့က ဒီရွာ​လေးက​နေပြန်ထွက်မသွား​သေး။
ရိ​ပေါ်ကသူလုပ်ကြံခံရသည့်ကိစ္စကို ​သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိစွာ သူ​ရောက်​နေသည့်ရွာ​လေးမှာပဲကိုယ်​​ယောင်​ဖျောက်ထားသည်။ကျန်းချန်းကလဲ ပါးနပ်စွာ ရွာထဲကို ဟိုဟိုဒီဒီ​လျှောက်မသွားပဲ ​ရှောင်းကျန့်ဆီမှာပဲကပ်​နေသည်။ ​

​ရှောင်းကျန့်ကသူတို့ကိုအိမ်​ပေါ်​ခေါ်တင်​ပေးထားသည့်အတွက် ရိ​ပေါ်ကသူ့ဆီပါလာသည့် ​ကျောက်စိမ်းဆံထိုး​လေးကို ​စျေးဖိုးအဖြစ်​ပေးထားသည်။ ​ရှောင်းကျန့်ကငြင်း​ပေမဲ့ ရိ​ပေါ်ကအသက်သခင်​ကျေးဇူးရှင်ကို အနည်းငယ်ပြန်​ပေးဆပ်ခွင့်​တောင်မရှိဘူးလားဆိုကာ ဂျစ်တိုက်လာတာ​ကြောင့် မတတ်သာပဲယူထားရ​တော့သည်။
အခုလဲ ​ဒဏ်ရာ​တွေသက်သာလာသည်နှင့်အမျှ ရိ​ပေါ်နဲ့ကျန်းချန်က ​ရှောင်းကျန့်ရဲ့အိမ်အ​နောက်ဘက်​မြေကွက်လပ်မှာ မုန်ညင်းပင်​တွေပျိုးဖို့ပြင်​နေသည်။
​ကျောကုန်းကဒဏ်ရာ​​ကြောင့် ​ရှောင်းကျန့်ကရိ​ပေါ်ကို​ပေါက်တူးမကိုင်ခိုင်းသည့်အခါ မုန်ညင်း​စေ့​တွေကိုကိုင်ရင်း ရိ​​ပေါ်က
ကျန်းချန်ဆွသွားသည့် ​မြေကြီး​ပေါ် ​ကျဲသည်။

မနက်​စော​စောသူ့အိမ်​နောက်​​ဖေးမှာပျိုးကျဲ​နေသည့်နှစ်​ယောက်ကို မီးဖိုခန်းထဲ ဟင်းချက်ရင်း​ရှောင်းကျန့်ကကြည့်​နေသည်။

"ဒီနားကို​မုန့်ညင်းပင်​တွေစိုက်ပြီးရင် ဟို​ဘေးနားကို နံနံပင်​တွေစိုက်ကြမယ်.."

"ကြက်သွန်မြိတ်စားရ​အောင် ကြက်သွန်မြိတ်​လေးပါ ထပ်စိုက်ရ​အောင် သခင်​လေး"

"ဂျင်း​လေးဘာ​လေးပါ ထည့်မြုပ်စိုက်ရင် ​ကောင်းမယ်​နော့်.."

"​ကောင်းတယ် ​ကောင်းတယ် ​ရှောင်းကျန့်ကလဲသမား​​တော်တစ်​ယောက်ဖြစ်ပြီး နံနံပင်​လေးဘာ​​လေး​တောင် ခြံထဲစိုက်မထားဘူး၊
သူလိုရင် ရွာထဲပဲပတ်​တောင်း​နေတာ​နေမယ်."

The Emperor's Consort (On going)Where stories live. Discover now