ဘုရားကန်တော့ပြီးတဲ့ရှောင်းကျန့်က ဘုရားကျောင်းကဆရာတော်တွေအတွက် ညအစာပြေ ဆွမ်းကပ်ဖို့ပြင်ပေးနေတဲ့နေရာဆီသွားကူတာကြောင့်ရိပေါ်ပါလိုက်သွားလိုက်သည်။
ဆရာတော်တွေကညဆွမ်းမစားကြတာကြောင့် ကြာစွယ်မှုန့်နဲ့လုပ်ထားသည့် အစာပြေမုန့်ကိုသာ သုံးဆောင်ကြသည်။ဒါကြောင့် ကျောင်းကကပ္ပိယတွေနှင့် ရွာထဲက အကူအမျိုးသမီးကြီးတွေကပြင်ဆင်နေကြသည်။ ရှောင်းကျန့်ကပါထိုနေရာမှာသူကူနေတော့ ရိပေါ်ပါလိုက်ခဲ့လိုက်သည်။
မုန့်လုပ်ဖို့အတွက်ရေနွေးအများအပြားလိုသလို သေချာသန့်စင်ထားသည့်သစ်သီးခြောက်တွေလဲအများကြီးမို့ ကူစရာတွေကတော့တစ်ပုံတစ်ပင် ပင်။ရှောင်းကျန့်က သစ်သီးခြောက်လှီးနေသည့်နေရာမှာ ကူနေတော့ရိပေါ်လည်း ရေနွေးအိုးတည်နေသည့်နေရာကိုသာကူဖို့ဆုံးဖြတ်လိုက်သည်။ ဒန်အိုးအကြီးကြီးကိုမီးဖိုပေါ်တင်ကာ အောက်ကမီးရှို့နေသည့်နေရာတွင် အမျိုးသမီးကြီးတစ်ယောက်သာ တကုတ်ကုတ်နဲ့မီးထည့်နေသည်။
ဒါမျိုးအလုပ်တွေကသူတစ်ခါမှမလုပ်ဖူးတာကြောင့် ဘာလုပ်လို့လုပ်ကူရမယ်မသိ။
ဒါကြောင့်အရိပ်အခြေရပ်ကြည့်နေတုန်း ထိုအမျိူးသမီးကြီးကသူ့ဘက်လှည့်ကြည့်လာသည်။"ဟို နားကထင်းပုံလေးကူရွေ့ပေးပါလား ကြီးဒေါ်က ဒူးမကောင်းတော့မ,မနိုင်တော့လို့."
ဘုရားကျောင်းဘေးနံရံမှာ စုပုံထားသည့်ထင်းပုံလေးကိုညွှန်ပြီးပြောတော့ သူအားတက်သရော ကူရွေ့ပေးလိုက်သည်။ ထင်းကလဲ ထင်သလောက်မများတာကြောင့် သူ့အတွက်သိပ်အခက်အခဲမရှိ။
"ကြီးဒေါ်မင်းကိုအရင်က ရွာထဲမတွေ့ဖူးပါဘူး , တစ််အိမ်အိမ်ကိုအလည်လာတယ်ထင်ပါ့."
သူ့ကိုစကားစလာတဲ့အန်တီကြီးကြောင့်သူထင်းတွေကိုရွေ့နေရင်းမှ
"ကျွန်တော်ကဒီရွာကမဟုတ်ပါဘူး...ဟို သမားတော် ရှောင်းကျန့်ရဲ့အိမ်ပေါ်ရောက်လာတဲ့..."