သူ့ရှေ့ကနေအမြန်ပြေးထွက်သွားတဲ့မိဖုရားနောက်ကို အထိန်းတော်ကြီးပြေးလိုက်သည်။ မြန်လှတဲ့မိဖုရားဟာ ခဏတွင်းကို နန်းဆောင်ရဲ့နယ်နိမိတ်အစောင့်တွေနားတောင်ရောက်နေချေပြီ။
"မိဖုရားကိုတားထား!!!"
သူလှမ်းအော်သံကြောင့် အစောင့်ရဲမက်နှစ်ယောက်ဟာသူတို့ကိုလှမ်းကြည့်လာပြီး ကိုင်ထားသည့်လှံကိုကြက်ခြေခတ်သဏ္ဍာန်ပြုကာ မိဖုရားထွက်မရအောင် အပေါက်ပိတ်လိုက်ကြသည်။
"အထိန်းတော်ကြီး.."
"မဖြစ်ပါဘူးအရှင်မ ဘယ်လိုမှအဲ့တောအုပ်ထဲကိုသွားလို့မဖြစ်ပါဘူး.အရှင်မအတွက်သိပ်ကိုအန္တာရယ်များပါတယ်.."
သူပြောနေတာကို ခေါင်းတခါခါပြုရင်းမိဖုရားဟာငြင်းဆန်လာခဲ့သည်။
"မဟုတ်ဘူး...ကျွန်တော်မသွားမှ နန်းတော်တစ်ခုလုံးအန္တာရယ်ဖြစ်ကုန်လိမ့်မယ်.ကျွန်တော်သွားပါရစေ.."
"မဖြစ်ပါဘူးအရှင်မ...ကျွန်တော်မျိုးမကိုအခက်တွေ့အောင်မလုပ်ပါနဲ့..အရှင်မသွားရင်အရှင့်အမျက်နဲ့ ကျွန်တော်မျိုးမသေရပါလိမ့်မယ်.."
သူတောင်းပန်ခယကာဆိုတော့အရှင်မဟာ အခက်တွေ့သလိုသူ့ကိုငုံ့ကြည့်လာခဲ့သည်။ ထပ်ပြီးတောင်းဆိုရင် သူငိုခြင်းချကာတားမယ်လို့တွေးအံ့ဆဲဆဲ အရှင်မပြောလာပုံကြောင့် သူ့မျက်လုံးအစုံတို့ဝိုင်းစက်သွားပါ၏။
"ဒါဆို အထိန်းတော်ကြီးပါလိုက်ခဲ့.."
//////////////////
တောသည်.နန်းတော်အနောက်ဘက်တံခါးမှထွက်လျှင် ခဏနှင့်ရောက်ရှိသောကြောင့်သူတို့အနောက်တံခါးကနေသာထွက်ခဲ့လိုက်ကြသည်။ နွေရာသီဆိုပေမဲ့ သစ်ပင်တွေရဲ့ဓါတ်ကြောင့်တောအုပ်ထဲကိုခြေချမိတာနဲ့ သူတို့အေးစိမ့်စိမ့်ခံစားချက်ကိုသာရရှိလိုက်ကြသည်။
မိဖုရားဟာရှေ့ကနေစိတ်အားထက်သန်စွာခြေလှမ်းသွက်သွက်လှမ်းနေပေမဲ့ အထိန်းတော်ကြီးကတော့ တောအုပ်ကိုအကဲခတ်ရင်း မိဖုရားနောက်ကနေသာစိတ်ကိုဒုံးဒုံးချရင်းလိုက်ခဲ့ရသည်။ ဒီနေ့သူက ကျားစာဖြစ်ရင်ဖြစ်၊မဖြစ်ရင် အရှင့်ဒေါသနှင့် သေမယ့်ကိန်းပါပုံရသည်။
မိဖုရားကိုတားမရတဲ့အဆုံးမို့သာလိုက်ခဲ့ရတာကြောင့် မသေခင်သူ့အတွက်သူအမျှဝေပြီးသားပင်။