Chpater -3

502 42 12
                                    

ယုံးလျဲ့တိုင်းပြည်သည် သာယာစည်ပင်​​သောတိုင်းပြည်ဖြစ်သည်။ ဆန်​ရေစပါး​ပေါများပြီး မြစ်​ချောင်းအင်အိုင်​ပေါများ​သော​ကြောင့် ကုန်သွယ်မှုနှင့်လည်းနာမည်ကြီးသည်။

တိုင်းသူပြည်သား​တွေရဲ့စီးပွား​ရေး​ကောင်း​သော​ကြောင့် ယုံးလျဲ့သည်လည်း အင်အားကြီးချမ်းသာ​သော တိုင်းပြည်တစ်ပြည်လည်းဖြစ်လာသည်။ ထို့နည်းတူယုံးလျဲ့ဘုရင်၏တန်ခိုးအာဏာသည်လည်း အတိုင်းအတိုင်းပြည်ပြည် ရှိန်စရာ​​ကောင်း​အောင် ကြီးမားလာခဲ့သည်။

ဒါ​ပေမဲ့ နန်း​တော်ထဲမှာရှင်ဘုရင့်နန်း​ဆောင်နဲ့အပြိုင် အင်အားကြီးသည့်နန်း​ဆောင်တစ်ခုလည်းရှိ​လေသည်။ ထိုနန်း​ဆောင်သည် အရှင့်နန်း​ဆောင် ညာဘက်မှာတည်ရှိပြီး ကျွန်းနက်​တွေနှင့် တည်​ဆောက်ထားသည့် ဝမ်မိဖုရားကြီး၏ နန်း​ဆောင်ပင်ဖြစ်သည်။

မိဖုရားကြီးရဲ့အ​ဖေကလည်း  နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံအမတ်​ဟောင်းတစ်​ယောက်ဖြစ်ကာ မိဖုရားကြီးရဲ့အစ်ကို​တော်သည် နိုင်ငံရဲ့လက်ရှိစစ်သူကြီးဖြစ်သည်။ ညီ​​တော်က​တော့ အခုလက်ရှိ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အား ဌာနရဲ့ အကြီးဆုံးအမတ်ကြီးဖြစ်​လေသည်။

အစ်ကို​​တော်ရဲ့ စစ်တပ်တစ်ခုလုံးသာမက၊တခြားအမတ်​တွေရဲ့ ​ထောက်ခံမှု​ကြောင့် မိဖုရားကြီးရဲ့အာဏာသည် တစ်​နေ့တစ်ခြားတန်ခိုးထွားလာခဲ့သည်။
ဒါ​ကြောင့်ပဲ မိဖုရားကြီးဟာ ဘုရင့်ထီးနန်းကို သူ့သား​တော်၃ပါး​ထဲကအကြီးဆုံးသား​တော်ကို အိမ်​ရှေ့စံအရာ​ပေးဖို့ အရှင့်ထံ​​တောင်းဆိုခဲ့​ပေမဲ့ မင်းကြီးဟာ သူမအင်အားကိုတွန်းလှန်ပြီး သား​တော်ကိုအိမ်​​​ရှေ့စံအရာ​ပေးဖို့ ငြင်းဆန်ခဲ့သည်။ ပြီးလျှင် သူနတ်ရွာစံမှာ အမိန့်အာဏာလွှဲခဲ့မည်ဟုဆိုသည်။

ဘုရင့်မှာ သား​တော်က(၁၃) ပါး​တောင်ရှိတာမို့ ဘုရင်ဘယ်သူ့ကို​​ပေးချင်​နေလဲသူမ,မသိ။ ဒီ​​တော့ အရှင့်ကိုအကြပ်ကိုင်လို့​ကောင်း​အောင် သား​တော်၁၀ပါးလုံးကိုရှင်းပစ်ဖိုွကြံထားသည်။ အရှင့် မျက်စိ​ရှေ့မှာမရှိသည့် နယ်မြို့အသီးသီးမှာ တာဝန်ကျ​နေသည့် မင်းသား​တွေအကုန်လုံးကို သူမရှင်းပစ်ဖို့ သူမအစ်ကို​တော်စစ်သူကြီးနဲ့တိုင်ပင်ထားခဲ့သည်။

The Emperor's Consort (On going)Where stories live. Discover now