Chapter 8

264 29 5
                                    

"ဟူး.​မောတာကွာ.."

နဖူးပြင်​ပေါ်က​ချွေး​တွေကိုရိ​ပေါ်သပ်ချလိုက်ရင်း  ကျန်းချန်ကမ်း​ပေးလာတဲ့​​ရေဘူးကို​မော့​သောက်လ်ိုက်သည်​။ သူကအခုလမ်းခင်း​​နေရသည်။
နန်း​တော်ကဘုရင်ကြီးရဲ့သား​တော်တစ်ပါးကအခု လူမသိသူမသိရွာ​လေးရဲ့လမ်းက်ိုခင်း​ပေး​နေရသည်။

ဒါက ချန်းဝမ်ရင်ကိုထိုးနှက်ခဲ့သည့်ရိ​ပေါ်ရဲ့အပြစ်ဒဏ်။ ရွာက​နေမြို့ကို့သွားသည့်လမ်းမကြီးကလှည်းလမ်း​ကြောင်း​တွေ​ကြောင့်လမ်းကတစ်ဖက်နိမ့်တစ်ဖက်မြင့်မညီ​ချေ။ ရွာသား​တွေကဒီလမ်းကိုမသုံးပဲ ​တော​တောင်ထဲက​နေ​ကွေ့ပတ်သွား​​နေကြသည်တဲ့။ ဒါ​ကြောင့်ရိ​ပေါ်ရဲ့အပြစ်ကဒီလမ်းကိုပြင်ဖို့ဖြစ်သွားသည်။

ကျန်းချန်ကသူပဲပြင်မယ်​ပြော​ပေမဲ့ ရိ​ပေါ်သူ့ကိုအပြစ်ကိုသူများကိုမခိုင်းချင်တာ​ကြောင့် သူကိုယ်တိုင် ​ကျောက်​​​ချေ၊ ​ကျောက်သယ်၊လမ်းဖို့လုပ်​နေသည်။  သူဟာ​ကြမ်းတမ်းတဲ့ပညာ​တွေလေ့ကျင့်သားရှိတဲ့ သူ​ပေမဲ့ မင်းသားတစ်ပါးဆိုသည့် အကြမ်းပတမ်းမခံနိုင်မှုကိုငြင်းမရ။ သူ့လက်​တွေ​ပေါက်ပြဲကုန်တာ ပထမဆုံးရက်မှာတင် ​ရှောင်းကျန့်​ဆေးပတ်တီးကိုင်​ပေးရသည်အထိ။

​ရှောင်းကျန့်ကလဲ သူ့ကိုကူလုပ်ချင်​ပေမဲ့ သူအတင်းနှင်လွတ်ထားတာ​ကြောင့် သူ့နဲ့အတူတူလမ်းကူမခင်းရဲ။ သူတို့စားဖို့​သောက်ဖို့ကိုသာ​နေ့တိုင်းပြင်ဆင်ပြီးထမင်း​တောင်းလာလာပို့သည်။ သူကလည်းဒါကိုပဲသ​​ဘောကျသည်။
ခင်ပွန်းကအလုပ်လုပ် ဇနီးကထမင်း​တောင်းလာပို့​ပေါ့။
ဒါ​ပေမဲ့သူက​တော့ အလုပ်လုပ်​နေတာမဟူတ်သလို​​ရှောင်းရဲ့ခင်ပွန်းလည်းဟုတ်မ​နေခဲ့။

"သခင်​လေး ဒီလမ်းနားတစ်​လျှောက်ခင်းပြီးရင် နားကြစို့ဗျာ.."

"​အေး​အေး ငါလဲအ​တော်ပန်း​နေပြီ ဒီ​နေ့က​နေအ​တော်ပြင်းသားဟ.."

ရိ​ပေါ်​လေပူ​တွေကိုမှုတ်ထုတ်ပြီး​ကျောက်သယ်ဖို့ပြင်တုန်း သူ့နားကိုအရိပ်မျိုးစုံချဥ်းကပ်လာသည်။ သူဆတ်ခနဲလန့်သွားပြီး​မော့ကြည့်​တော့ မိန်းမပျို​တွေ။

The Emperor's Consort (On going)Where stories live. Discover now