"မိဖုရားလောင်းကို ပြင်ဆင်ပေးရပါမယ်အရှင်"
ထိုစကားတစ်ခွန်းနဲ့ သူ့ရင်ခွင်ထဲကရှောင်းကို ဆွဲခေါ်သွားတာက အပျိုတော်ခေါင်းဆောင်။
သူ့ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ပါသွားသည့်ကောင်လေးဟာ အပျိုတော်ခေါင်းဆောင်ကိုကြောက်နေသလိုပုံစံလေးကြောင့် သူ့မှာ နန်းတော်တစ်ခုထဲရှိနေတာတောင်စိတ်ကမချချင်။"အရှင် နံနက်စာသုံးဆောင်တော့မလားခင်ဗျာ."
"ဟင်. အင်း.."
အထိန်းတော်ကြီးသတိပေးမှ သူမနက်စာမစားရသေးတာသတိရသည်။ တစ်ဆက်တည်းရှောင်းလည်းစားရသေးမှာမဟုတ်ကြောင်းကိုသူသတိရလိုက်သည်။
"မိဖုရားအတွက်ကိုလည်း မနက်စာပြင်ပေးဖို့ပြောလိုက်ဦး..."
"မှန်လှပါအရှင်..."
"အရှင် ကိုယ်ရံတော်ခေါင်းဆောင်က တွေ့ခွင့်တောင်းနေပါတယ်.."
"လွှတ်လိုက်.."
သူ့အထိန်းတော်ကြီးဟာသူ့နန်းဆောင်ထဲကပြန်ထွက်သွားပြီး ဟောက်ရွှမ်းကရှေ့ရောက်လာ၏။
"အတော်ပဲ ကိုယ်တော်မဟုတ်ရင်တောင်မင်းကိုဆုချီးမြှင့်မလို့....."
ကမ်းပေးလာသည့် ငွေထုပ်ကို ဟောက်ရွှမ်းတရိုတသေလှမ်းယူလို့ အတော်တန်လေးနေတာကိုသတိပြုမိသည်။
"ကဲ..ဘာကိစ္စလဲ "
"ကျွန်တော်တို့ မိဖုရားလောင်းရဲ့အိမ်ကိုရောက်တော့ မင်းသားခုနစ်ရဲ့အပျိုတော်ကိုသေဆုံးလျက်သားတွေ့ခဲ့တယ်လို့ ရွာလူကြီးကပြောပါတယ်အရှင်...ပြီးတော့မိဖုရားကလည်း ကျွန်တော်တို့ကိုတွေ့တွေ့ချင်းထွက်ပြေးခဲ့ပုံပေါက်ရင် သူတို့ဆီကိုတစ်ယောက်ယောက် ရောက်လာပုံရပါတယ်..."
သူပြောတာကိုအရှင်က ငြိမ်ပြီးစဥ်းစားနေသည်။
ရှောင်းသူ့အပေါ်အေးစက်နေတာ အဲ့တာတွေကြောင့်ဖြစ်မလား။"ကျွန်တော်မျိုးအဲ့ကိစ္စအတွက်စုံစမ်းလိုက်ရမလားအရှင်.."