မိဖုရားပင့်ဆောင်မည့်ဝေါယဥ်သည် ကိုယ်ရံတော်ဟောက်ရွှမ်းရဲ့ဦးဆောင်မှုအောက်ကနေ အမြို့မြို့အနယ်နယ်ကိုဖြတ်ကာ နောက်ဆုံး မိဖုရားလောင်းရှိသည်ဆိုသောရွာလေးသို့ရောက်လာသည်။ လုံခြုံရေးရဲမက်အပြည့်အစုံနဲ့ချီတက်လာသည့် သူတို့အဖွဲ့ကိုရွာထဲကလူတွေအထူးအဆန်းထွက်ကြည့်ကြ၏။
"မောင်ရင်တို့ဘယ်ကိုလာကြတာလဲ..."
နှုတ်မွှေးကားကားကြီးနဲ့ ရှေ့ဆုံးကထွက်ကာမေးလာသူက ရွာသူကြီးဖြစ်ဟန်ပင်။
"ကျွန်တော်တို့ကမင်းနေပြည်တော်ကပါ အခုမိဖုရားလောင်းကိုလာပင့်ဆောင်တာပါ.."
"မိဖုရားလောင်း!"
"မိဖုရားလောင်းတဲ့ ဘယ်သူများလဲဟ"
အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည့် ရွာသားတွေကိုဟောက်ရွှမ်းကတစ်ချက်ကြည့်ရင်း
"သမားတော်ရှောင်းကျန့်ပါ.."
"ဟေ..."
အံ့သြသွားတာကရွာသားတိုင်းလိုလိုက။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်တဲ့ပုံစံကတစ်ခုခုမှားယွင်းနေတာမို့ ဟောက်ရွှမ်းရွာလူကြီးကိုမေးမြန်းလိုက်သည်။"ဘာဖြစ်လို့လဲ?.."
"အဲ့တာက..."
ရွာလူကြီးကအနည်းငယ်အခက်တွေ့နေဟန်နဲ့
"မနေ့ကသမားတော်ရှောင်းတို့အိမ်ထဲမှာ သူနဲ့အတူနေတဲ့အစ်မရဲ့ အလောင်းကိုတွေ့တယ်..ရှောင်းကျန့်ကိုတော့ဘယ်လိုမှရှာမတွေ့ဘူး..အဲ့တာသူပျောက်နေတယ်..."
ဟောက်ရွှမ်းမျက်ခုံးတွေတွန့်ချိုးသွားရင်း စိတ်ထဲ၌လည်း တုန်လှုပ်မိသွားသည်။ မိဖုရားလောင်းဘာမှတော့မဖြစ်လောက်ဘူးမလား...။
"ကျွန်တော်တို့ကိုခွင့်ပြုပါဦး."
ဝေါယဥ်ထမ်းလာတဲ့သူတွေကိုမစောင့်နိုင်တော့ပဲသူမြင်းကိုအပြေးနှင်လို့တစ်ခါရောက်ဖူးတဲ့အိမ်ငယ်လေးဆီဦးတည်လိုက်သည်။
အိမ်လေးကခြံစည်းရိုးတံခါးတို့ပွင့်နေသည်။ အိမ်တံခါးလည်းပွင့်နေတာ သူအိမ်ထဲအမြန်ပြေးဝင်လိုက်သည်။ ပစ္စည်းတွေကအနည်းငယ်ဖရိုဖရဲဖြစ်နေကာ တစ်ယောက်ယောက်မွှေထားသလိုမျိုးပင်။
အိမ်ဦးခန်း၊ အိပ်ခန်း၊ သူအကုန်လိုက်ကြည့်တော့ ပစ္စည်းတွေအနည်းငယ်အဖွခံထားရတာကိုသူတွေ့လိုက်ရသည်။ မိဖုရားလောင်းတို့တစ်ခုခုဆိီကနေ တိုက်ခိုက်ခံရတာများလား။