Warning:::သွေးသံရဲရဲတွေပါသည်။
//////////////////
ခဏတွင်းပင် ငြိမ်သက်နေသည့်စခန်းဟာ ဓါးချင်းထိခတ်သံတွေနဲ့ ဆူညံသွားသည်။ နန်းတွင်းတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ညာသံပေးကာ သူပုန်စခန်းကိုဝင်တိုက်သည်။
မင်းသားရှစ်တို့ဘက်ကလည်း ရှိသမျှလူနဲ့ ပြန်လည်တိုက်ခိုက်တာလျက်ရှိသည်။. ဒေါသထွက်နေတဲ့မင်းသားခြောက်ဟာ မင်းသားဆယ့်နှစ်ကိုပဲညှိုး၍လိုက်လံတိုက်သည်။ မင်းသားဆယ့်နှစ်ရဲ့ရည်ရွယ်ချက်ဟာလည်း သူအစ်ကိုတော်နှစ်ယောက်သေဖို့ဖြစ်လေတော့ တိုက်ပွဲကမသေးလှ။
ညီအစ်ကိုဖြစ်နေတော့ ဓါးရေးသင်သည့်ဆရာကလည်းတစ်ယောက်ထဲဖြစ်သည်မို့သူတို့သုံးယောက်ရဲ့ဓါးရေးဟာ သူမသာကိုယ်မသာအခြေအနေ။ ဒါပေမဲ့ တစ်ယောက်ဟာမိခင်အတွက် မတိုက်ချင်ပဲတိုက်ခိုက်ရတဲ့သူဖြစ်ပြီး
ကျန်တဲ့တစ်ယောက်ကတော့ သေဆုံးသွားတဲ့သူ့ညီအစ်ကိုတွေအတွက် သွေးကြွေးဆပ်ဖို့။"မင်းလိုမျိုးမစစ်လေးက ငါတို့ညီအစ်ကိုဖြစ်ဖို့မထိုက်တန်ဘူး..."
ဓါးချင်းထိခတ်မိချိန်မှာ သူ့မျက်ဝန်းထဲတည့်တည့်စိုက်ကြည့်ပြီးပြောသည့်စကားက သူ့ရင်ကိုပြင်းပြင်းထန်ထန်ဆွဲကိုင်လှုပ်သည်။
ဒါပေမဲ့ သူအားလျော့သွားလို့မရ။ သူ့မယ်တော်အတွက်သူအားတင်းထားရမည်။
မှားနေတာသိပေမဲ့ သူ့ကိုမွေးထုတ်ပေးခဲ့တဲ့အမေဖြစ်သူအတွက်ဆို သူဟာဆက်မှားရဲသည်။"ကျွန်တော်ကို ညီအစ်ကိုလို့မသတ်မှတ်လည်းရတယ်..."
သူ့လိုညီအစ်ကိုချင်းဓါးရေးပြန်ယှဥ်တဲ့သူကို အစ်ကိုတော်တွေအနေနဲ့ ညီတော်တစ်ယောက်လို့မသတ်မှတ်သင့်တော့။ ဒီဘဝအတွက် ညီအစ်ကိုကောင်းတစ်ယောက်မဖြစ်နိုင်တော့ပေမဲ့သားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားမည်။"မင်းငါ့လက်နဲ့သေကိုသေရမယ်...ရို့ဟန်!"
နာမည်ရင်းခေါ်ပြီးမာန်သွင်းလိုက်သည့်အစ်ကိုခြောက်ဟာ ဓါးကိုပိုပြီးမြန်အောင်ဝှေ့ယမ်းတော့ သူ့တစ်ကိုယ်လုံးဓါးရိပ်တွေမိုးနေသည်။