Chapter -2

595 48 9
                                    

"ယား..​ညောင်းလိုက်တာ.."

တစ်​နေကုန်ငါးထိုင်မြှား​ပေမဲ့ ငါးသုံး​ကောင်သာရပြီးရိ​ပေါ်ရဲ့  ငါးမြှားခြင်းဟာအဆုံးသတ်ခဲ့သည်။ ရသည့်ငါးကိုလည်း ထိုမြစ်ကမ်း​ဘေးမှာတင်ကင်စားခဲ့ကြသည်။
တည်းခို​ဆောင်ငှားပြီးသူတို့နားဖို့ပြင်တော့
ကုတင်​ပေါ်ပစ်စလတ်ခတ်လှဲလိုက်သည်။ ​ညောင်းညာကိုက်ခဲ​နေသည့် တစ်​ကိုယ်လုံးကို အ​ကြော​လျော့ကာအနားယူရင်း သူမျက်ဝန်းညို​လေးတစ်စုံကို အမှတ်ရမိ၏။

ဝိုင်းစက်ကာအရည်တလဲ့လဲ့မျက်ဝန်း​လေး။ ထိုမျက်ဝန်းညို​လေးထဲမှာ သူ့ပုံရိပ်​တွေထင်​နေ​တာကိုသူသ​ဘောကျသည်။ သူ့ကို​မော့ကြည့်​နေသည့်မျက်နှာနုနု​လေးကို သူ​မေးဖျား​လေးက​နေပင့်ကာ နှုတ်ခမ်းနုနုရဲရဲ​လေးကို နမ်းရှိုက်ချင်သည်။
မျက်နှာ​လေးတစ်ခုလုံးနုအက်​နေကာ ​သွေး​ကြောစိမ်း​လေး​တွေပါ ယှက်သန်း​နေတာကိုမြင်​နေရတာမလို့ သူအူယားရသည်။ထိုမျက်နှာ​လေးကိုလည်း ​နေရာအနှံ့သူနမ်းရှိုက်ချင်လှသည်။
အသားအရည်ကြည်ကြည်​လေးနှင့် နို့နှစ်​ရောင် ဝတ်ရုံ​လေးဝတ်ထားပုံက ပုလဲလုံး​လေးလို သိပ်ကိုလှသည်။

သူ့ကို​ကျောခိုင်းကာ​ပြေးသွား​တုန်းက မြင်လိုက်ရသည့်ဆံနွယ်ရှည်​လေး​တွေ။
သူနဲ့ထိမ်းမြှားပြီးရင် ထိုဆံနွယ်ရှည်​လေး​တွေကိုသူကိုယ်တိုင်ဖီးသင်​ပေးမည်။
မနက်တိုင်းကို အလှ​လေးအားရင်ခွင်ထဲထည့်ကာနိုးထပြီး ညတိုင်းကိုအလှ​လေးနဲ့ဖက်ပြီးအိပ်စက်မည်။ လပြည့်ည​တွေ​ရောက်ရင်လက်နုနု​လေး​တွေကို ယှက်သန်းတွယ်ကာ. သူရသည့်ကဗျာ​လေး​တွေကိုရွတ်ဆိုပြမည်။

သူအ​တွေးလွန်တာကို ကိုယ့်ဟာကိုသတိထားမိ​တော့

"ဟား....ကိုယ့်ကိုရူး​အောင်ပြုစားတာ မင်း​လေးက က​ဝေပျို​လေးလားကွာ.."

သူမြင်ခဲ့ရသည့်နှုတ်ခမ်း​လေး​တွေ၊ မျက်ဝန်း​လေး​တွေကို​တွေးရင်း သူမျက်လုံး​တွေတ​ဖြေး​ဖြေးငိုက်ဆင်းလာကာ အိပ်​ပျော်သွား​တော့သည်။

//////////////////

"ဒီမှာ ည​စျေးလဲစည်သားပဲ​နော်...."

The Emperor's Consort (On going)Where stories live. Discover now