ပုဝါပါးနဲ့ကြက်သားထုပ်တော့ စွန်းတတ်တယ်။
တစ်ရွာသားနဲ့ရည်းစားထားတော့လွမ်းရတယ်တဲ့ရှောင်းကျန့်ကတော့ တစ်ရွာသားလင်တော်မောင်ကို မင်္လာဦးညပြီးတာနဲ့လွမ်းခဲ့ရတာ အခုဆိုတစ်လပြည့်ပြီ။ နေ့စဥ်နေ့တိုင်း ရိပေါ်သွားရာလမ်းကိုမျှော်ကာ တငေးငေးတငိုင်ငိုင်ကုန်ဆုံးရသည်။ သူဘာမှလည်းလုပ်ချင်စိတ််မရှိ။ ထမင်းဟင်းလည်းမချက်နိုင်သလို ဆေးကြိုခြင်းအမှုလည်းမပြုနိုင်။
တော်သေးသည်။ရိပေါ်ကသူ့အတွက်အဖော်မိန်းကလေးတစ်ယောက်ထားခဲ့ပေးလို့။ စစချင်းတော့ထိုမိန်းကလေးကသူ့ကိုသခင်လေးလို့ခေါ်ဝေါ်ခဲ့ပေမဲ့ သူကိုယ်တိုင်နာမည်ခေါ်ခွင့်ပေးထားခဲ့တာ။ သူ့ထက်လည်းအသက်ကြီးလေတော့သူက ကျဲကျဲလို့သာခေါ်သည်။ ကျဲကျဲရှိနေတော့ သူသိပ်ပြီးအထီးကျန်ရတာမျိုးတော့မရှိပါ။ သူပျင်းတိုင်းကျဲကျဲက သူကြည့်ဖူးတဲ့ပြဇာတ်တွေ သူ့ကိုပြောပြတတ်တော့ သူရိပေါ်ကိုလွမ်းတာကလွဲရင် အပျင်းပြေပါသည်။
အိမ်မှုကိစ္စကိုနောက်ပြန်လှည့်ကြည့်စရာမလိုအောင်တာဝန်ကျေလွန်းတဲ့ကျဲကျဲဟာ သူ့အပေါ်မှာလည်း သခင်တစ်ယောက်လိုဆက်ဆံသည်။ သူပြောသမျှနာခံပြီး သူ့ကိုဖူးဖူးမှုတ်ထားမတတ်ကရုစိုက်သည်။
ဒါပေမဲ့ ရိပေါ်အကြောင်းမေးရင်တော့ဖြင့် သူမကိုမပြောခိုင်းဟုဆိုကာ ရိပေါ်အကြောင်းဆိုဘာမှမေးမရ။ နောက်ဆုံးတော့မေးတဲ့သူသာမောလာတာမို့သူလက်လျှော့လိုက်ပြီး နေ့တိုင်းရိပေါ်ကိုသာမျှော်နေခဲ့ရသည်။
အခုတော့ဖြင့်အိမ်မှာသူတစ်ယောက်တည်း။
အခုရက်ပိုင်း သူချိုချိုချဥ်ချဥ်လေးတွေခံတွင်းတွေ့နေတာကြောင့် ကျဲကျဲကမြို့တက်ပြီး အသီးသွားဝယ်ပေးနေတာကြောင့် အိမ်မှာမရှိ။
နဂိုထဲကတိတ်ဆိတ်နေတတ်သည့်အိမ်က အခုသူတစ်ယောက်ထဲမို့ ပိုလို့တောင်တိတ်ဆိတ်သွားသည်။သူ့ရဲ့ရိပေါ်ရှိတုန်းကတော့ သူသွားလေရာတကောက်ကောက်လျှောက်လိုက်တတ်လို့ မောင်းတောင်ထုတ်ရသည်အထိ။ ပြီးတော့သူ့ဘေးနားမှာလည်းပွစိပွစိလည်းပြောတတ်လွန်းတဲ့ရိပေါ်။
တွေးရင်းရိပေါ်ကိုလွမ်းလွန်းတာကြောင့် သူမှိုင်တွေသွားရပြန်သည်။