Chapter 20

414 34 32
                                    

         မိဖုရား​လောင်းကို​ဝေါယဥ်ထဲထိုးထည့်ပြီးမင်း​နေပြည်​တော်ကို သုတ်​ခြေတင်လာကြသည့်သူတို့တစ်သိုက်က ​ဝေါယဥ်ထဲကထုရိုက်​နေသည့်မိဖုရား​လောင်းကိုလျစ်လျူရှုခဲ့ကြသည်။ ထုရိုက်​နေသံအပြင်တစ်ချက်တစ်ချက်​အော်သံ​သေး​သေး​လေးကိုလည်းကြား​နေရ​သေးသည်။

ဒါ​ပေမဲ့ ထိုအသံ​တွေသည် သူတို့မြို့တစ်မြို့ကိုဖြတ်ပြီးတဲ့အခါမှာ​တော့လုံးဝတိတ်ဆိတ်သွား​တော့သည်။

"​ခေါင်း​ဆောင် မိဖုရားငြိမ်သွားပြီ..."

"​မောသွား​လို့​နေမယ်...ငါ​ရေ​သောက်မလား​မေးလိုက်ဦးမယ်.."

​ဝေါယဥ်ပြတင်း​ပေါက်နားကပ်သွားသည့်​ဟောက်ရွှမ်းသည် အထဲကအသံကိုနားစွင့်လိုက်​ပေမဲ့ တိတ်ဆိတ်​နေ​တာ​ကြောင့်သူအသာ​ခေါ်လိုက်သည်။

"မိဖုရား​​လောင်းခင်ဗျ..."

".........."

"ဟို..​ရေ​သောက်ဦးမလားခင်ဗျာ..."

"​ရေ...​ရေ​ပေးပါ."

အသံတိုးတိုး​လေးထွက်လာ​​တော့ သူပြတင်း​ပေါက်ကိုအသာလှပ်ရင်း ​ရေဘူး​ပေးဖို့ပြင်​ပေမဲ့ ပြတင်း​ပေါက်လှပ်လိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်း​ကြောင့်သူထိတ်ပြာသွားရသည်။

"အရှင်မ.!!"

​ဝေါယဥ်နံရံကိုမှီကာ​ခွေလဲ​နေသည့် မိဖုရား​လောင်းသည် ​ချွေးစီး​တွေရွှဲစို​နေပြီး နှုတ်ခမ်း​တွေကလည်း ဖြူ​ဖျော့​နေသည်။

"​ရေ...​ရေ​ပေးပါ.."

"​ဝေါယဥ်ကိုရပ်စမ်း!.."

သူအမိန့်​​ကြောင့်​ဝေါယဥ်ရပ်သွားသည့်အခါ သူ​ဝေါယဥ်တံခါးကိုအမြန်ဆွဲဖွင့်ရင်း

"အရှင်မ..သတိထားပါဦး.."

​မိဖုရား​လောင်းဟာသူတိုက်သည့်​ရေကိုအငမ်းမရ​သောက်သည်။ ဘာ​ကြောင့်ဒီ​လောက်ထိဖြူ​ဖျော့သွားရသလဲသူမ​တွေးတတ်ခင်မှာတင်

"ပြတင်း​ပေါက်....အဲ့တာ​တော့ဖွင့်ထား​ပေးပါ.."

"အာ ....​တောင်းပန်ပါတယ်ခင်ဗျာ့..ကျွန်​တော်တို့
မ​တွေးမိဘူးဖြစ်သွားပါတယ်.တကယ်​တောင်းပန်ပါတယ်...အထဲမှာ အရမ်းပူ​နေမှာပဲ."

The Emperor's Consort (On going)Where stories live. Discover now