ဝမ်နိုင်ငံတော်ရဲ့စစ်သူကြီးဆိုတာ စစ်ရေးရာမှာသာမက ဓါးရေးမှာပါ ဆရာတစ်ဆူဟူ၍ကျော်ကြားသည်။ သူ့လက်အောက်ကထွက်သည့်တပ်မှုးတစ်ချို့သည် ၇ပြည်ထောင်မှာပါဓါးရေးကောင်းလို့ကျော်ကြားသည့်အထဲပါသည်။
ကြည့်ရတာ သူကြားထားသည့်စစ်သူကြီး၏ဂုဏ်ပုဒ်တွေသည် အပြောသပ်သပ်မဟုတ်မှန်း စစ်သူကြီးနဲ့တိုက်ခိုက်နေတုန်း ရိပေါ်သိလာရသည်။ ဒီလူက လှုပ်ရှားနေရင်းတောင် အားကိုသေချာချိန်ဆနိုင်ပြီး လွှဲခုတ်လိုက်တိုင်းလေကိုဖြတ်သွားသည့်ဓါးပေါ်အားပါမှုဟာတော်ရုံမဟုတ်။ သူမနည်းရှောင်နေရင်း တိုက်စစ်ပြန်ဆင်ပေမဲ့အချဥ်းနှီးသာ။ သူတိုက်လိုက်တိုင်း ပြန်ရိုက်ချတတ်တဲ့စစ်သူကြီးက သူခုခံနိုင်လိုက်တိုင်းလည်း ခပ်မဲ့မဲ့အပြုံးကိုဆင်မြန်းလိုက်သေးတာ။
ရိုက်ချက်ကပြင်းတော့ သူအနောက်ကိုလွင့်သွားရင်း မြေကြီးကိုဓါးထောက်လို့မနည်းတင်းခံလိုက်ရသည်။ အား...ဒီအားကအရမ်းများလွန်းသည်။ ဒီပုံအတိုင်းဆို သူမနိုင်နိုင်။
"အရှင့်သား....ကြိုးစားထား.."
"အရှင့်သား...အားတင်းထား."
ခပ်ဝေးဝေးကလှမ်းအော်ကာအားပေးသည့်သူ့လူတွေကြောင့်အားပြန်တက်လာပေမဲ့ သူ့ရှေမှာမတ်မတ်ရပ်နေတဲ့ဒိီလူက တကယ့်ကိုအထိမခံတဲ့လူ။ သူ့ဓါးနဲ့ထိဖို့နေနေသာသာ အနားတောင်မကပ်နိုင်တဲ့ဓါးရေးကသူ့ထက်အတော့်ကိုသာလွန်နေသည်။
"ယား..."
ညာသံပေးပြီးပြန်တက်ချသွားပေမဲ့ ထိုစစ်သူကြီးက ခပ်မဲ့မဲ့ပြုံးလျက်ကြည့်နေသည်။ သူအနားရောက်ပြီး ထိုလူအသံကိုလုံလောက်စွာကြားရလောက်သည့်အကွာအဝေးရောက်မှ
"ကလေးအကွက်တွေ..."
လွှဲခုတ်လိုက်သည့်ဓါးကို ဓါးနဲ့ပြန်ခံသည့်စစ်သူကြီးကသူ့အားကိုလျော့တွက်ဟန်။ ဒါပေမဲ့ ဒီတစ်ခေါက်သူအားကုန်ထည့်ထားခဲ့တာ။
"ချွင်!!"
ထက်ပိုင်းကျိုးထွက်သွားတဲ့ဓါး။