ဝမ်ဧကရာဇ်နာမကျန်းဖြစ်ပြီးနောက် တိုင်းပြည်အခြေအနေဟာ အတော််လေးကိုပြောင်းလဲသွားသည်။ မင်းသားခုနှစ်ပါးသေဆုံးသွားပြီး နိုင်ငံရဲ့အာဏာဟာလည်းမိဖုရားကြီးရဲ့လက်အောက်အတွင်းကိုအလုံးစုံရောက်သွားခဲ့သည်။ ဝမ်ဧကရာဇ်သည် နာမကျန်းဖြစ်ပြီးမကြာ အိပ်ရာထက်သတိလစ်မေ့မြောနေသည်မှာ ရက်သတ၄ပတ်ကျော်လာခဲ့ပြီ။ ဧကရာဇ်၏အခြေအနေသည် အလုံးစုံပြန်မကောင်းနိုင်ကြောင်းကိုလည်း နန်းတွင်းသမားတော်ကြီးက ပြောထားခဲ့ပြီးပြီး ။
ဝမ်မိဖုရားကြီးက ဒါကိုအခွင့်ကောင်းယူကာ နိုင်ငံတော်ရဲ့အာဏာကို သူ့သားတော်ကြီးကိုခေတ္တလွှဲပေးဖို့တောင်းဆိုသည်။ သူ၏သားတော်ကြီးသည် မင်းသား၁၃ပါးထဲမှာ အကြီးဆုံးသားတော်ကြီးလည်း ဖြစ်သည်။ ဝမ်မိဖုရားကြီးကထိုအဆိုကို ညီလာခံတင်သွင်းတော့ လုပ်ရည်ကိုင်ရည်ရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်သော မင်းသားကြီးကို ကန့်ကွက်မည့်သူမရှိပဲ မိဖုရားကြီးရဲ့အဆိုကို လက်ခံလိုက်ကြတေ့ာသည်။
အခုဆိုမိဖုရားကြီးစီမံသည့်အတိုင်းပင် အရာအားလုံးဟာဖြစ်လာသည်။ သူမအနေနှင့် မိဖုရာကြီးရာထူးကို တစ်ဘဝလုံးရပြီးသွားပြီ ။ အခု ဧကရာဇ်မင်းတစ်ပါးရဲ့ မယ်တော်အနေနှင့် နေရဖို့မစောင့်နိုင်တော့ ။မင်းသားတွေလုပ်ကြံခံနေရတာကို စုံစမ်းစစ်ဆေးသည့်အဖွဲ့ကလည်း စစ်သူကြီးရဲ့လက်အောက်ကမို့ ပူစရာမလို ။
အခုတော့အရာအားလုံးဟာသူမစိတ်တိုင်းဖြစ်တော့မယ်။ ဒီအတွက်ပျော်ရွှင်ရဖို့ကိုသူမ,
မစောင့်နိုင်တော့။_____________________________________________
ကျန်းချန်နဲ့ရိပေါ် မြို့ရောက်နေသည်။ သူတို့ကဝါးခမောက်ကို ခပ်ငိုက်ငိုက်စောင်းကာ မျက်နှာကိုဖုံးကွယ်ထားသည်။ သူတို့အခုဘယ်ကိုသွားနေတာလဲဆိုတော့ စုံစမ်းရေးရုံးရှေ့ကဘုတ်ပြားဆီ။ သူတို့လွတ်သွားသည့်တစ်ပတ်အတွင်း တိုင်းပြည်အခြေအနေဘယ်လောက်ထိဖြစ်သွားပြီလဲသွားကြည့်ဖို့ပြင်နေခြင်းပင်။ ဘယ်သူ့ကိုမှလည်းမေးစရာမရှိသည့်အခါ ထိုဘုတ်ပြားကိုပဲအမှီပြုရသည်။ သတင်းတွေမှန်ကန်ဖို့တော့ သူတို့ဆုတောင်းရမှာပဲ ။