အမှောင်ထုထဲရှောင်းကျန့်မျောလွင့်နေသလိုခံစားနေရသည်။ လေဟာနယ်လိုအသံတိတ်ပြီး မဲမှောင်နေသည့်ပတ်ဝန်းကျင်ဟာ ရှောင်းကျန့်ရဲ့မျက်ဆံညိုလေးတွေကို တုန်ယင်လာစေသည်။ပတ်ပတ်လည်ဟာ ကြယ်ပျောက်၊နေပျောက်လေးတောင်မမြင်ရအောင် အမှောင်အတိဖြစ်နေသည်။
"ဟင့်အင်း.."
လေဟာပြင်ထဲ လက်ပစ်ကူးလိုက်ပေမဲ့ သူ့ခန္တာကိုယ်ဟာနည်းနည်းလေးမှရွေ့မသွား။
အလင်းရောင်...အလင်းရောင်ဘယ်မှာလဲ..။
သွေးရူးသွေးတန်းနဲ့ကပြာကယာဖြစ်နေပေမဲ့ သူရှာနေတဲ့အလင်းရောင်ဟာပိန်းပိန်းမှောင်နေတဲ့အခန်းထဲရောက်မလာ။
တကယ်တော့ရှောင်းကျန့်မှာ အမှောင်ကြောက်တဲ့ရောဂါရှိသည်။ ဒါဟာ ငယ်ငယ်ကတည်းကအကျဥ်းခန်းထဲပိတ်ခံခဲ့ရတဲ့အချိန်ကနေစရခဲ့တာ။သူငယ်ငယ်ကအကြောင်းပြချက်မရှိ သူ့အဖေကခဏခဏအခန်းထဲပိတ်လှောင်ထားခဲ့သည်။ တစ်ခါတစ်လေတစ်ရက်...။
တစ်ခါတစ်လေ ရှောင်းကျန့်အားပြတ်ပြီးမေ့လဲလောက်တဲ့အချိန်ထိ။ထိုအမှောင်ခန်းတွေဟာမြေအောက်ခန်းဖြစ်လေတော့ ညတွေဆိုရင်မြေကြွက်တွေကလည်း သူ့လက်ဖျားတွေ၊နားရွက်တွေကို အစာအမှတ်နဲ့လာရောက်ဖဲ့ကိုက်တာတွေကိုလည်းခံခဲ့ရသည်။
အဲ့ဒီအရာတွေကနေ သူဟာအမှောင်ထဲမနေရဲတော့လောက်သည့်အထိစိတ်ဒဏ်ရာ ရသွားခဲ့တာဖြစ်သည်။ အမှောင်ထဲရော၊ အလုံပ်ိတ်ခန်းတွေထဲရော။အခုလည်းအမှောင်ထဲရောက်နေပြန်ပြီ။
ပတ်ပတ်လည်ကိုကြည့်လေ မှောင်လေဖြစ်နေတာကြောင့် သူ့အသက်ရှုသံတွေမြန်လာသည်။ နှလုံးဟာလည်း ပါးစပ်ကနေပြန်ထွက်ကျတော့မတတ််တုန်ယင်လာတဲ့နောက်မှာ.. ခပ်ဖြေးဖြေးအလင်းရောင်ဟာသူ့နောက်ကျောကနေတိုးဝင်လာခဲ့သည်။သူဝမ်းသာအားရလှည့်ကြည့်လိုက်တော့ မာတင်းမှုတွေပြည့်နှက်နေတဲ့ သူ့အဖေမျက်နှာကိုမြင်လိုက်ရသည်။
"ရှောင်းကျန့်...ဒူးထောက်နေစမ်း.."
ထို့နောက်သူ့မြင်ကွင်းတွေထဲအလင်းရောင်အများအပြားဝင်လာပြီး သူကလည်းအရွယ်ရောက်အမျိုးသားအဖြစ်ကနေ ကလေးတစ်ယောက်အရွယ်သို့ပြန်လည်ရောက်ရှိသွားသည်။