ဝမ်ရိပေါ်သတိရလာသည့်အခါမှာ အာဏာဟာသူ့လက်ထဲရောက်နေခဲ့ပြီ။ သူ့အနေနဲ့သူ့ခမည်းတော်ကသူ့ကို ထီးနန်းပေးမယ်မထင်ခဲ့။ အစ်ကိုအကြီးဆုံးဆီကပြန်လုရမယ်ထင်နေခဲ့တာ။ အခုတော့အာဏာဟာသူ့လက်ထဲကိုချောမွေ့စွာရလာခဲ့ပြီ။
ဗိုက်ကဒဏ်ရာကနက်တာမို့ သမားတော်ကြီးက လှုပ်လှုပ်ရှားရှားမလုပ်ဖို့ပြောပေမဲ့ သူဖခည်းတော်ရဲ့တော်ဝင်အုတ်ဂူနေရာကိုထွက်လာခဲ့သည်။ ရုပ်အလောင်းကို တစ်ရက်သာထားပြီးမီးသဂြိုလ်တဲ့ဓလေ့ကြောင့် သူခမည်းတော်ရဲ့မျက်နှာကိုတောင်မမြင်လိုက်ရ။
အုတ်ဂူရှေ့မှာ ခြေကိုမတ်မတ်ရပ်လိုက်သည်။ ဆီမီးထွန်းလို့ရသည့်နေရာမှာ နာမည်ကမည်းတိုင်ရှေ့မှာပြုလုပ်ထားတာကြောင့် သူအမွှေးတိုင်ကိုလည်း ထွန်းညှိပူဇော်လိုက်သည်။
"အရှင်...ဂါဝရပြုရင် ဒဏ်ရာက"
အထိန်းတော်ကြီးကတားမြစ်လာပေမဲ့ သူ့စိတ်ထဲခမည်းတော်ကို ကန်တော့ချင်စိတ်ကြီးသာကြီးစိုးနေခဲ့လျှင် သူမြေပြင်နဲ့နဖူးထိသည်အထိကန်တော့လိုက်ပါသည်။
"ခမည်းတော်......ကောင်းကောင်းသွားပါ.."
နိုင်ငံတော်အတွက်လည်းစိတ်မပူပါနဲ့။ ခမည်းတော်ကျွန်တော့်မျိုးကိုယုံကြည်ပေးခဲ့တဲ့ယုံကြည်မှုကို ကျွန်တော်မျိုးဆက်လက်စောင့်ထိန်းမှာပါ။ တရားနည်းလမ်းကျကျအုပ်ချုပ်ပြီးခမည်းတော် ထားခဲ့တဲ့နိုင်ငံတော်ကို ကျွန်တော့်လက်ထက်မှာပိုမိုတိုးတက်အောင်ဆောင်ရွက်ပါ့မယ်။ ကျွန်တော်ကတိပေးပါတယ်။
ကတိစကားကိုရင်တွင်းမှာဆိုလိုက်ပေမဲ့ သူ့ခမည်းတော်ကြားရမှာပါ။
"မင်းသားရှစ်....."
သူ့ဘေးလျှောက်လာသူက မိဖုရားကြီး။ သူအရိုအသေပေးလိုက်ပေမဲ့မိိဖုရားကြီးရဲ့မျက်နှာဟာတင်းမာနေဆဲ။ ဧကရာဇ်လောင်းလျာဖြစ်ပြီး နိုင်ငံ့အာဏာဟာ သူ့ဆီရောက်သွားတာသိပေမဲ့မိဖုရားကြီးဟာ သူ့ကိုမင်းသားဟုသာသုံးနှုန်းခဲ့သည်။ သူမအနေနဲ့နန်းတက်ပွဲမလုပ်မချင်း ဒီကောင့်ကို အရှင်တပ်မခေါ်နိုင်။