နှစ်ရက်ခန့်ခရီးနှင်ပြီးတဲ့နောက်မှာရိပေါ်တို့နယ်စပ်က မင်းသားခြောက်တပ်စွဲထားသည့်နယ်မြေကိုရောက်သည်။ သူတို့ရောက်တာနှင့်ပြာပြာသလဲကြိုဆိုသည့်မင်းသားခြောက်သည် သိပ်ကိုဝမ်းသာသွားမှန်းသိသာလွန်းလှသည်။
"အေး...ရိပေါ်ရှိမှပဲငါအားရှိသွားရတော့တယ်. ...အဲ့တာကြောင့်မင်းကိုမျှော်နေတာ ငါတို့ဘာလုပ်လို့လုပ်ရမလဲမသိလို့...."
ခရီးရောက်မဆိုက်ပင်ဆီးပြောလာတဲ့စကားပင်။ တကယ်လည်းသူတို့ဘာလုပ်ရမယ်မသိသည့်အခြေအနေ။ သူပုန်တပ်ထဲနဲ့နေနေရပေမဲ့ နန်းတော်ကိုပြန်တိုက်ကြဖို့ကလည်းမသင့်။
ခမည်းတော်ကမတိမ်းပါးသေးသလို သူတို့ကိုလုပ်ကြံသူတွေကလည်းပေါ်ပေါ်ထင်ထင်လုပ်ကြံမထားတော့ အကယ်၍တပ်နဲ့နန်းတော်ကိုတက်သိမ်းရင်ဖြင့် ရိပေါ်တို့ကပုန်ကန်သူတွေအဖြစ်သမိုင်းမှာကျန်နေခဲ့လိမ့်မယ်။"ဟွား.ကမင်းဆီဘယ်လိုလုပ်..."
အစ်ကိုတော်ကသူ့လက်ထဲကဓါးကိုမြင်တော့မေးမြန်းလာသည်။ ရိပေါ်လက်ထဲကဓါးကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း
"အစ်ကိုတော်ကိုယ်တိုင်ပေးသွားခဲ့တာ..."
".........."
ဖျက်ခနဲမျက်နှာပျက်သွားခဲ့သည်အစ်ကိုခြောက်သည် ရိပေါ်မမြင်အောင်မျက်နှာလွှဲ၏။ အားလုံးကသိပ်ချစ်ကြသည့်ညီအစ်ကိုတွေမို့ တစ်ယောက်ထိရင်တစ်ယောက်နာကြသည်ချည်း။အခုအစ်ကိုတော့်ရင်ထဲဘယ်လိုခံစားနေရလည်းဆိုတာ ရိပေါ်သိသည်။
".ညီအစ်ကိုချင်းကိုကွာ.."
မချင့်မကဲရေရွတ်သံပင်။ ဘယ်သူပဲလုပ်လုပ်...သူတို့ကသွေးနဲ့ရင်းခဲ့ကြရတာမို့ ဒီအတိုင်းကျော်သွားပေးဖို့စိတ်ကူးမရှိ။ အဲ့တာက သူတို့ညီအစ်ကိုချင်းဆိုရင်တောင်မှပေါ့။
//////////////////
"အရှင့်သား..."
"ဘာသတင်းကြားရပြီလဲ..."
လက်ထဲကမြေပုံစာရွက်ကိုအကြည့်မလွှဲပဲမေးလိုက်သည့်မင်းသားဆယ်နှစ်ကြောင့်အထောက်တော်ရဲမက်ကသူသိလာသည့်သတင်းကိုလျှောက်တင်သည်။