" ကိုယ်စာကြည့်ဆောင်ပြန်သွားလိုက်ဦးမယ်..."
တစ်နေကုန်သူနဲ့အချိန်ဖြုန်းပြီးညနေစောင်းတော့အရှင်ကဒီလိုပြောလာခဲ့သည်။
သူမျက်ဝန်းညိုလေးတွေနဲ့ရင်ခွင်ထဲကမော့ကြည့်မိတော့"အခုမှနန်းတက်ကာခါစဆိုတော့ ကိုယ့်မှာ အရည်အချင်းတွေကလိုအပ်နေတုန်းပဲ ဒါကြောင့်စာတွေပြန်ဖတ်ပြီး ထပ်ဖြည့်နေတာ..ကိုယ်ပြည်သူတွေအတွက် မင်းကောင်းမင်းမြတ်တစ်ပါးပဲဖြစ်ချင်တယ်ကလေး...."
ထိုစကားတွေပြောနေသည့်အရှင်ရဲ့မျက်ဆံနက်တွေဟာ တောက်ပနေခဲ့သည်။
"ခမည်းတော်ကသားတော်၁၁ပါးထဲကကိုယ့်ကိုရွေးပြီး ထီးနန်းပေးခဲ့တာ ကိုယ်ခမည်းတော်ကိုစိတ်မပျက်စေချင်ဘူး...ဒါကြောင့်ယုံးလျဲ့ကိုဒီထက်ပိုပြီးတိုးတက်အောင် ကိုယ့်လက်ထပ်မှာအစွမ်းကုန်ကြိုးစားမယ်...ပြည်သူတွေအတွက်ကိုယ့်လက်ထပ်မှာ ဆန်ရေစပါးပေါများပြီး စစ်မက််ကင်းသာယာတဲ့တိုင်းပြည်ကိုပေးချင်တယ်.."
အရှင်ဟာ ပြုံးယောင်သန်းနေသည့်နှုတ်ခမ်းစွန်းတို့နဲ့သူ့ကိုငုံ့ကြည့်လာခဲ့သည်။
"ကိုယ့်သားတော်လက်ထက်ကျရင်လည်းသာယာပြီး အဖက်ဖက်ကတိုးတက်ကောင်းမွန်တဲ့တိုင်းပြည်ကို သူ့လက်ထဲထည့်ပေးချင်တယ်...."
"သားတော်..?..."
"အင်း...မင်းနဲ့ကိုယ်နဲ့ရမယ့်သားတော်လေး..."
အရှင့်ရဲ့မျက်ဝန်းတွေဟာ လေးနက်မှုနဲ့တောက်ပနေခဲ့လျှင် ရှောင်းကျန့်စိတ်အာရုံတို့လေးလံသွားရသည်။ သူနဲ့အရှင်ရဲ့ ကလေးတဲ့လား...။
"ကိုယ့်ကို ကိုယ်ဝန်ဆောင်ပေးပါရှောင်းကျန့်..."
ရှောင်းကျန့်မျက်လွှာကိုဖျက်ခနဲချလိုက်ရင်း
ကိုယ့်ဟာကိုပြန်သုံးသပ်မိသည်။
ကိုယ်ဝန်တဲ့လား?
တကယ်လို့သူ့မှာကိုယ်ဝန်ရှိသွားရင် အရှင့်နားမှာတစ်သက်လုံးနေနိုင်မှာလား..။ထိုအတွေးကခေါင်းထဲဝင်လာတာနဲ့တစ်ပြိုင်နက် သူဟာအရှင့်ကြင်ယာတော်နေရာကို ခိုးယူမိထားသူဆိုသည့်အချက်ကလည်း ခေါင်းထဲဝင်လာသည်။ ခိုးယူထားတဲ့နေရာကို မဖော်ထုတ်ပဲနေနေတာနဲ့တင် သူ့ဟာအပြစ်ကြီးပြုမိသွားပြီဖြစ်သည်။ ဒါကိုထပ်ပြီး အရှင့်ကိုလှုပ်မရအောင်ကြိုးတွေနဲ့ထပ်ချည်ဖို့ကြိုးစားရင်....