Chapter 15

290 37 22
                                    

      မင်းသားအ​ပေါင်းလုပ်ကြံခံရတုန်းက နန်းတွင်းထဲကအမတ်​တွေကိုတရားဝင်သိခွင့်မ​ပေးခဲ့သည့် မိဖုရားကြီးသည် သူ့သားငယ်​သေဆုံးသည့်သတင်းကို​တော့ ညီလာခံမှာတင်​ကြေညာခဲ့သည်။ တစ်ဆက်တည်း သူ့သား​တော်နဲ့မင်းသား​ခြောက်ကိုသတ်သူမှာ မင်းသားရှစ်ဖြစ်ပြီးနိုင်ငံ​တော်ပုန်ကန်သည်ဟူ​သော​ခေါင်းစဥ်​အောက်ကိုပါတစ်ခါထဲဆွဲသွင်း၏။ ညီလာခံမှာလည်း သူမလူ​တွေပဲမို့ အားလုံး​ကသူမ​ခြေ သူမလက်​ဖြစ်​နေ​လေ​တော့..မင်းသားရှစ်ကို သုတ်သင်ဖို့ နန်းတွင်းတပ်​တော်ကိုပါသူမ​စေလွှတ်​လေသည်။

ငါ့သား​တော်ကိုထိပါးခဲ့တဲ့မှန်သမျှကို အလုံးစုံ​ခြေမွှပစ်မယ်။

     အရှင်ကလည်းအခုဆို ပြန်လည်ဆိုးဝါးလာပြန်တဲ့​ရောဂါ​ကြောင့် ​နတ်ရွာစံလုနီးနီးဖြစ်​နေ​လေ​တော့ နန်းတွင်းမှာအ​ခြေအ​နေ​တွေက​ က​သောင်းကနင်း။ မင်းသားရှစ်အပြစ်မပြုမှန်း သိသည့်အမတ်​​တွေရှိပေမဲ့ မိဖုရားကြီးကိုပြန်အာမခံရဲ။ အရှင်က​နတ်ရွာစံ​တော့မှာ။ ​
ကျန်ခဲ့မယ့်မိဖုရားကြီး သူတို့အ​ပေါ်အမျက်ရှမှာ သူတို့မလုပ်ရဲ။
          ပိုပြီးအားကြီးတဲ့သူနိုင်လိမ့်မ​ပေါ့။ သူတို့ဆိုတာ တရားမျှတမှုနဲ့ မတရားမှုကြားထဲဝင်စွက်ဖက်လို့ အ​ကျိုးရနိုင်စရာမရှိ။
​မီးများမီးနိုင် ​ရေများ​ရေနိုင်ပွဲမှာ အ​ဖြေကိုရှင်းရှင်းလင်းလင်းသိမှ ​ခြေ​ထောက်​ပြေးဖက်လဲ မှီ​သေးသည်မို့ သူတို့အလုပ်ကညီလာခံထဲထိုင်ပြီး ဆိတ်ဆိတ်​နေရုံသာ။

ဒီလိုနဲ့ နန်း​တော်က​စေလွှတ်လိုက်သည့် စစ်သူကြီး​ခေါင်း​ဆောင်သည့် တပ်​တော်ကြီးသည် မင်းသားရှစ်ကိုနှိမ်နင်းဖို့ နယ်စပ်ကိုချီတက်လာကြသည်။

       အ​ထောက်​​တော်​တွေပြန်​ပေးသည့်သတင်း​ကြောင့် သူ့တို့ဆီစစ်သူကြီးကိုယ်တိုင်ချီတက်လာမှန်းရိ​ပေါ်သိသည်။ အခု​လော​လောဆယ်​အာဏာရထားတဲ့သူ​ပြောတဲ့စကားက အမှန်ဆို​တော့ သူဆိုတာ သူတို့ပါးစပ်ဖျားထဲ ပုန်ကန်သူ ညီအစ်ကိုချင်းပြန်သတ်သူထက်မပို။
       စစ်သူကြီးကိုယ်​တော်တိုင်ချီတက်လာသည့်တပ်သည် နိုင်ငံ့အ​တော်ဆုံး တပ်သား​တွေနဲ့ဖွဲ့စည်းထားတာမို့ ရိ​ပေါ်ရဲ့လူ​တွေနဲ့တိုက်ရင် ဘယ်လိုမှမနိုင်နိုင်။ လူအင်အား​ရော အရည်အချင်းက​ရော စစ်သူကြီးတို့တပ်ကအသာကြီး။

The Emperor's Consort (On going)Where stories live. Discover now