ရှောင်းကျန့်နောက်ကနေ ခြေထောက်ကြည့်ပြီးတော့သာလိုက်လာသည့် ရိပေါ်သည် သူတို့လျှောက်လာသည့်လမ်းက အိမ်ကိုပြန်သည့်လမ်းကနေသွေဖယ်သွားတာကိုသတိမပြုမိ။ သူစိတ်အာရုံဟာ ပျံ့လွင့်နေပြီး ရှောင်းကျန့်ရဲ့ကျောနဲ့သူသွားတိုက်မိမှ သတိဝင်လာခဲ့သည်။
"ဒီမှာရေပူစမ်းလေ ရိပေါ်...အရမ်းလှတယ်မလား..."
ရှောင်းကျန့်ပြောမှ သူသတိထားမိတော့ သူတို့ရောက်နေသည့်နေရာသည် ဝါးတောတစ်ခုထဲက စိမ်းလဲ့နေသည့် စမ်းရေအိုင်နားရောက်နေတာဖြစ်သည်။ ရေသည် ကြည်လင်ကာစိမ်းလဲ့နေပြီး ရေအောက်ကကျောက်စရစ်ခဲလေးတွေကအစမြင်နေရသည်။
"ရိပေါ်ရဲ့ပုံစံကိုကြည့်ရတာ ခရီးပန်းနေတယ်ထင်လို့ အကြောအချဥ်ပြေချိုးရအောင်ခေါ်လာတာ ရေချိုးမယ်မလားဟင်.."
ခရီးပန်းနေလို့မဟုတ်ပဲ စိတ်ပင်ပန်းနေလို့ဖြစ်ကြောင်းပြောပြချင်သည်။ ဒါပေမဲ့ သူမပြောဖြစ်ပဲရှောင်းကျန့်ကိုသာ ခပ်ဖွဖွပြုံးပြလိုက်မိသည်။
"ချိုးရမှာပေါ့ ရှောင်းကအလိုက်သိလိုက်တာ ကိုယ် ပင်ပန်းနေတာ ဘယ်လိုများသိသလဲ"
"မျက်နှာကြီးကဒီလောက်ပုတ်သိုးနေတာကိုး သိတာပေါ့ ။ "
"ကိုယ့်ရှောင်းကတော်လိုက်တာဗျာ.."
ပါးလေးနှစ်ဖက်ကိုချစ်စနိုးနဲ့ဆွဲပြီးပြောတော့ ရှောင်းရဲ့မျက်နှာဟာ ချယ်ရီရောင်ပါးပါးပြေးသည်။
ရှက်ရွံ့နေသည့်ရှောင်းကျန့်မျက်နှာလေးကိုချစ်မဝစွာကြည့်ရင်း ရေဆင်းချိုးဖို့ အထုပ်တွေချကာ သူဝတ်ထားသည့်အင်္ကျီတွေကိုပါချွတ်ချလိုက်တော့သည်။
နေရောင်အောက်မှာ ရိပေါ်ရဲ့တောင့်တင်းတဲ့ခန္တာကိုယ်ဟာထင်းလင်းလာသည်။ အဝတ်ကွာသွားသည်နှင့်တစ်ပြိုင်နက် ရေထဲကိုဗွမ်းခနဲခုန်ချသွားသည့် ရိပေါ်ကြောင့်ရှောင်းကျန့်မျက်နှာဟာဖြူစုတ်စုတ်။ဒီ ဒီလူ သူရောရှ်ိနေတာကို ဘာလို့ကိုယ်တုံးလုံးကြီးနဲ့ရေချိုးရဲရတာလဲ..!