Chapter 22

260 28 18
                                    

ဒီရက်ပိုင်းအတွင်းနန်း​တော်တစ်ခုလုံးပြာယာခတ်​နေကြသည်။ အရှင့်ရဲ့နန်းတက်ပွဲနဲ့ ထ်ိမ်းမြှားပွဲကတစ်ရက်ထဲဖြစ်​လေ​တော့ နန်းတွင်းကအပျို​တော်​တွေတင်မက ပညာရပ်နယ်ပယ်အစုံမှာကျွမ်းကျင်ကြသည့် ပညာရှင်​တွေကပါ အရှင့်ရဲ့နန်းတက်ပွဲကိုဝန်းရံပြင်ဆင်​ပေးကြသည်။

ခုံရုံးကိုအစိုးရသည့် အိမ်​တော်ကြီး​တွေကလည်း အရှင့်နန်းတက်ပွဲကို တက်​ရောက်ဖို့ အပြိုင်အဆိုင်ပြင်ဆင်​နေကြသည်က တစ်တိုင်းပြည်လုံးဟိုး​လေးတ​ကျော်​ကျော်။

ရှင်ဘုရင်ရဲ့နန်းတက်ပွဲဟာ ဘုရင်တစ်ပါးရဲ့နှစ်သက်တမ်းအဆုံးထိ​ တစ်ပွဲပဲရှိတာ​ကြောင့် ထ်ိုပွဲကိုကြုံကြိုက်လာကြသည့် အရှင့်နန်းတက်ပွဲကိုတိုင်းသူပြည်သားအားလုံး​​မျှော်လင့်​စောင့်စား​​နေကြသည်။

"အရှင်မ.. မင်္ဂလာဝတ်စုံကို အပျ်ို​​တော်​​တွေယူ​ဆောင်လာကြပါပြီ..ပြသခွင့်​​တောင်း​နေပါတယ်အရှင်မ."

သူ့ကို​လျှောက်တင်လာသည့်အထိန်း​တော်ကြီးရဲ့စကား​ကြောင့် ခုံ​ပေါ်ထိုင်​နေသည့်​ရှောင်းကျန့်ရဲ့ခန္တာကိုယ်​လေးခပ်မတ်မတ်ဖြစ်သွားသည်။
သူ့အတွက်....မင်္ဂလာဝတ်စုံတဲ့။

သူဝင်ခိုင်းလိုက်​တော့ အပျို​တော်​တွေဟာဝတ်စုံကို အပိုင်းအစအများကြီးခွဲကာ ​ရွှေလင်ဗန်း​​တွေနဲ့သယ်​ဆောင်လာကြသည်။

"မိဖုရား​လောင်းကို ဂါဝရပြုပါတယ်..."

အရိုအ​သေ​ပေး​​နေကြသည် အပျ်ို​​တော်​တွေကို​ရှောင်းကျန့်​​နေသာသလို ​နေခိုင်းလိုက်ပြီးသယ်​ဆောင်လာသည့်မင်္ဂလာဝတ်စုံကိုသာကြည့်လိုက်ပါသည်။ သူတို့ရိုးရာဟာ မင်္ဂလာပွဲ​တွေမှာအနီ​ရောင်သုံးရင် တစ်ဘဝလုံး​ပျော်ရွှင်ချမ်း​မြေ့​စေသည် ဟူ​​သောယုံကြည်မှုရှိသည်။ ဒါ​ကြောင့်ထိမ်းမြှားမင်္ဂလာပွဲတိုင်းလိုလို ဇနီး​မောင်နှံ​တွေဟာ အနီ​ရောင်ရဲရဲ မင်္ဂလာဝတ်စုံကိုသာ ဝတ်ဆင်ကြ​လေ့ရှိသည်။
ဒါ​ကြောင့် သူ့အတွက်ပြင်ဆင်​ပေးထားသည့်မင်္ဂလာဝတ်စုံသည်လည်း ပတ္တမြား​ရောင်ကဲ့သို့​ဖိတ်ဖိတ်လက်​နေသည်။

The Emperor's Consort (On going)Where stories live. Discover now